(Pc ကတော့ ရဲတွေနဲ့ ပတ်သတ်တာပေါ့ဗျာ.၊ တော်တော် အလုပ်ရှုပ်တဲ့ case ပါ)

မြင့်မိုရ်ရဲ့ စိတ်ညစ်သွားတဲ့ မျက်နှာကြီးကို တဝကြီး ကြည့်ပြီး အိမ်ဘက်သို့ ထွက်လာခဲ့ပါသည်။

....

လောင်းရိပ်တို့ အိမ်ဘေးက ပျဥ်လေးတွေကာထားသော အိမ်သေးသေးလေ ။
ထိုအိမ်လေးမှာ မောင်တို့ မိဘတွေရယ် မောင်ရယ် မေရယ် နေတာပေါ့ ။

အရိပ်ကလေးတောင် မတွေ့စေရဘူးတဲ့လား ။ ကတိတည်တဲ့ ကောင်လေးကတော့ ရံဖန်ရံခါ ထွက်ထိုင်တတ်တဲ့ စိန်ပန်းပင်ကြီးအောက်က ကွပ်ပစ်ကလေးမှာတောင် မတွေ့ရတော့ပေ ။

အခု...မေ တစ်ယောက်ထဲသာ ထိုင်နေပါ၏။ မေ့အနားသို့ လောင်းရိပ် လျှောက်လာသည်ကို မြင်သော မေက ဦးစွာ ပြုံးပြသည်။

"ကိုကို ခုတလော ပျောက်နေတယ်နော် "

"ဟုတ်တယ် နေ့ခင်းဘက်တွေပဲ ဂျူတီဝင်နေရတော့ ဆေးရုံမှာပဲ အချိန်ကုန်နေတော့တာ ၊ ဘာလဲ မေလေးက ကိုကို့ကို လွမ်းနေလို့လား "

"မဟုတ်ပါဘူးနော် "

အပြောလေးက လိမ်နေတယ်ဆိုပေမယ့် မျက်လုံးကလေးကတော့ ကလယ်ကလယ် ။
အငြင်းသန်သော ကောင်မလေးအား လောင်းရိပ် အလျှော့ပေးလိုက်ပြီး နောက်ထပ် စကား ပြန်စ သည်။

"ကိုကိုတို့ နယ်လှည့် ဆေးကုသရေးက နောက်လထဲ သွားရမယ်၊ မေလေးက ကိုကို့ကို ဘယ်ချိန် အဖြေပြန်ပေးမှာလဲ "

"ဟမ်... ဘယ်နေ့ ပြန်လာမှာလဲဟင် "

"၄လ လောက်ကြာမလားပဲ ကိုကိုလည်း.သေချာမသိသေးဘူး "

"ပြန်လာရင် အဖြေပေးမယ်လေ "

"ကိုကို ပြန်လာရင် မေလေးက တက္ကသိုလ်တက်ရတော့မှာ မဟုတ်ဘူးလား "

"အဝေးသင်ပဲ တက်မှာပါ"

"ဒါဆို ကိုကိုက ပြန်လာရင် ဝမ်းသားရတော့မှာပေါ့ "

"ဟုတ်မယ်ထင်တယ် "

မေက ပြုံးတုံ့တုံ့ တွေးတွေးဆဆလေး.ပြောလိုက်တော့

"ရက်စက်တယ် ကောင်မလေး "

မေလေး၏ ခေါင်းလေးအား ခပ်ဖွဖွ ပုတ်လိုက်ပြီး ပြုံးကာ ကြည့်နေမိသည်။
ယောက်ရက်ခတ်သွားသော ဖွင့်ပြောစကားနှင့်အတူ သူနဲ့ မေနဲ့ နီးစပ်သွားခဲ့ကြတာပဲ ။ ပြန်လာမှ သေသေချာချာ ပြင်ဆင်ပြီး ဖွင့်ပြောရဦးမည်။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now