အခန်း(၂)

370 22 4
                                    

အခန်း(၂)

"မြေပုံကတိုပြီး သမိုင်းကြောင်းကရှည်လျားသလို အနုပညာကလည်း စူးရှသည်။'

ထိုကဲ့သို့သော အနာဂတ်အတွက်ပုံဖော်ကိုးကားချက်က လွန်ခဲ့သောအတိတ်၌ မူရှင်းဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။

"Whale" ဇာတ်လမ်း၏ အရှိန်အဟုန်ဖြင့်သွားသော ဇာတ်အိမ်က သာမန်ကျော်ကြားမှုများနှင့် မတူဘဲ ခြားနားနေခဲ့သည်။ ရှူကျယ်က ဒါရိုက်တာတစ်ယောက်အဖြစ်မွေးဖွားလာခဲ့သူဖြစ်သည့်အလျောက် သူ့အသက်ငယ်ရွယ်စဉ်မှာ မတူခြားနားခြင်းတွေနဲ့ ငွေကြယ်ပွင့်သရုပ်ဆောင်တွေကို ဖန်တီးခဲ့သည်။ သို့ပေမယ့် အသက်ငါးဆယ်အရွယ်နား နီးကပ်လာချိန်မှာတော့ အချိန်ကြာရှည်စွာ ယုံကြည်နားလည်ထားခဲ့တဲ့ ငွေကြယ်ပွင့်နဲ့ အနုပညာက တွဲလျက်ရှိမနေနိုင်ဘူး' ဆိုသည့် အမှန်တရားကို သိရှိသွားခဲ့သည်။

ပုံကြမ်းတွေက အချောသတ်နိဂုံးတွေမထွက်တော့သလို ဇာတ်ကားအတွက် အသုံးပြုလိုက်တဲ့ သရုပ်ဆောင်တွေအပေါ်လည်း ကြီးမားသည့် သက်ရောက်မှုတွေမရှိခဲ့ချေ။ ဒရမ်မာအဟောင်းမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကလွဲရင် အားလုံးက ရှထင်ဝမ် လို မျက်နှာသစ် များသာဖြစ်ကြသည်။ ထို့ကြောင့်လည်း ပြည်တွင်းက ဝေဖန်ချက်ပေးတဲ့သူတွေထဲမှာ ဇာတ်ကားနဲ့ပတ်သတ်ပြီး ဝေဖန်မှုကြီးကြီးမားမားမဖြစ်ခဲ့ပဲ အမာခံ movie ပရိတ်သတ်တွေ၏ မှတ်ချက်အနည်းငယ်သာရှိခဲ့သည်။

"Whales" က Cannes(နိုင်ငံတကာရုပ်ရှင်ပွဲတော်) ၏ အကျော်ကြားဆုံးဇာတ်ကားစာရင်းထဲဝင်ပြီးသည်မှစ၍ မဂ္ဂဇင်းဆိုက်ဒ် များစွာက ကြောက်ခမန်းလိလိဖြစ်ဖွယ်ရာမှတ်ချက်တွေကို ရရှိခဲ့ပြီး မျက်နှာသစ်သရုပ်ဆောင်ဖြစ်သူလည်း ပွဲဦးထွက်ဇာတ်ကားတစ်ကားတည်းမှာတင် သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

(Cannes က ပြင်သစ်အရှေ့တောင်ဘက်မှာရှိပြီး အပန်းဖြေစခန်းပေါများတဲ့ ပင်လယ်ကမ်းခြေဒေသပါ။ နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပရာ ကျော်ကြားတဲ့နေရာလည်း ဖြစ်ပါတယ်)

နေ့ချင်းညချင်းမှာပင် "Whales" ဇာတ်ကားအပေါ်သုံးသပ်ချက်များနဲ့ အားရဖွယ်ရာကျေနပ်မှုများက စာပေနဲ့အနုပညာအသိုင်းအဝိုင်း၌ပင် နာမည်ကြီးသွားခဲ့သည်။ အကယ်၍ သင်က "Whale" ဇာတ်ကားကိုမကြည့်ရသေးဘူးဆိုရင် ရုပ်ရှင်လောကမှာဘောင်မဝင်တော့'တဲ့ သူတစ်ယောက်ဖြစ်သွားပြီး၊ ရှထင်ဝမ်အကြောင်း မပြောနေဘူး' ဆိုရင်တော့ ဖျော်ဖြေရေးလောကမှာ ဩဇာသက်ရောက်မှု မရှိတဲ့သူတစ်ယောက်ဖြစ်သွားသည်။

You've reached the end of published parts.

⏰ Last updated: Oct 18, 2021 ⏰

Add this story to your Library to get notified about new parts!

My little peacockWhere stories live. Discover now