အခန်း(၂)

208 31 3
                                    

"ရှောင်ဟုန်က သူ့ဘဝရှင်သန်နိုင်ရေးအတွက် ပံ့ပိုးမှုကိုသာ မှီခိုပြီးနေရသည်။"

ထိုစာကြောင်းအတွက် ရှထင်ဝမ်က ပြီးပြည့်စုံတဲ့ စစ်ဆေးမှုရလဒ်တစ်ခု ဖြစ်လေသည်။ ရှထင်ဝမ်မှလွဲပြီး ဒီအနုပညာလောကမှာရှိတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဂန္တဝင်တွင်မယ့် ဒီဇာတ်ကွက်ကို သရုပ်နိုင်မည်မဟုတ်။

ပြည်တွင်းကအတော်ဆုံး ဒါရိုက်တာ ရှူကျယ်က "Whale" ဇာတ်လမ်းကိုမရိုက်ကူးခင် ခေါင်းဆောင် မင်းသားနဲ့ မင်းသမီးနေရာအတွက် H မြို့တွင် လူရွေးပွဲကျင်းပခဲ့ပြီး ရှထင်ဝမ်နဲ့ သူ့သူငယ်ချင်း ရှင်းလယ်က အပျော်သဘောဖြင့် ဝင်ပြိုင်ခဲ့ကြသည်။

ရှူကျယ်ရဲ့ အောင်မြင်ကျော်ကြားမှုနဲ့မလိုက်ဖက်စွာ ထိုလူရွေးပွဲက စုတ်ပြတ်နေသည်'ဟုပင် သတ်မှတ်လို့ရပေသည်။ လူရွေးပွဲကျင်းပသည့်အခန်းက အခန်းငယ်လေးတစ်ခုသာဖြစ်ပြီး ထိုကျဉ်းကျဉ်းကြပ်ကြပ်နေရာ၌ ထားရှိသော စားပွဲပေါ်၌ နေ့လည်စာထမင်းဘူးနဲ့ ရေသန့်ဘူးတို့ တင်ထားသည်။ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ လက်ထောက်တို့က အလုပ်ရှုပ်နေကြကာ နေလည်စာထမင်းဘူးတင်ထားတဲ့ စားပွဲရဲ့အရှေ့ဘက် နေရာလွတ်လေး၌ ပိန်လှီနေတဲ့ခွေးတစ်ကောင်လည်း ရှိနေသည်။

"မင်း အသက်ဆယ့်ခြောက်နှစ်မှာ မင်းအမေက အိမ်ကထွက်ပြေးသွားပြီး အဖေကလည်း မူးလာရင် တစ်ခါတစ်လေ မင်းကို ရိုက်နှက်တယ်။ မင်းမွေးထားတဲ့ ခွေးလေးကပဲ မင်းရဲ့တစ်ဦးတည်းသော အဖော်ဖြစ်သလို မင်းအရိုက်ခံရတိုင်း အနားမှာရှိနေပေးတာလဲ အဲ့ဒီခွေးလေးပဲ။ ' အဲ့ဒီနေရာမှာ မင်းဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။ မင်း အဲ့ဒါကို ဘယ်လို သရုပ်ဆောင်ပြမလဲ..."

ဒါက ဒါရိုက်တာရှူပြောသွားတဲ့ ဇာတ်လမ်းနဲ့ ပတ်သတ်သည့် အကြောင်းအရာခေါင်းစဉ်ဖြစ်သည်။

ရှင်းလယ်က ထိုအကြောင်းကို ခနမျှစဉ်းစားပြီးမှ စတင်သရုပ်ဆောင်ဖို့ စိတ်နှစ်လိုက်သည်။

ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်သွားပုံကပင် ခြေထောက်မှာဒဏ်ရာရနေတာကို ဖော်ပြစေလို၍ဖြစ်ပြီး ခွေးကိုပွေ့ချီလိုက်ပြီးနောက်မှာ သူက ဒါရိုက်တာရှူဘက်လှည့်ကာ သနားဖွယ်ကောင်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

My little peacockWhere stories live. Discover now