ထို့ကြောင့်ပင် ဆက်စပ်မှု ရှိခဲ့လေသလား..။

အဲလစ်စ်သည် ဒီကို ရောက်လာကတည်းက ထိုမြွေခေါင်း တုတ်ကောက် ကို သိပ် စိတ်မဝင်စား ခဲ့သည်မို့ ယခုတော့ သေသေချာချာ ကိုင်ကြည့် မိသည်..။

အပေါ်ကနေ အောက် ၊ အောက် ကနေ အပေါ် တစ်လှည့်စီ ကြည့်ရင်း အောက်ခြေက ထိပ်ဘု လေးကို မထိတထိ ဖိနှိပ် မိလိုက်တော့.....

"အား........"

အား ဆိုသော အော်သံနှင့်အတူ သူမ ရောက်လာသည့် နေရာကား....

မျက်လုံး ဖွင့်ဖွင့်ချင်း ပန်းရောင် မျက်နှာကျက် ကို မြင်လိုက်ရ ၍ သူမ အိမ်မှ သူမ အခန်းထဲမှာမှန်း အဲလစ်စ် ရိပ်မိလိုက်သည်..။

မဖြစ်ဘူး..*

မိမိ ကမ္ဘာ သို့ ပြန်လည် ရောက်ရှိလာသော်လည်း အဲလစ်စ် မပျော်နိုင်ပါ..။

ဟို ကမ္ဘာ ကို ပြန်သွားရမည်..

ဘယ်သူ့ကိုမှ မနှုတ်ဆက်ရသေးဘဲ သူမ ဒီကို ပြန်မလာနိုင်ဘူး..အထူးသဖြင့် စာသင်ပေးနေရသော ကျောင်းသားများနှင့် သားအရင်းလေးလို ဖြစ်နေသည့် ဒရေကို... ။

အိပ်ရာပေါ်တွင် လဲလျောင်းနေလျက် ခန္ဓာကိုယ် ကို ထဖို့ ကြိုးစားလိုက်သော်လည်း လေးလံနေသောကြောင့် မထနိုင် ဖြစ်နေသည်..။

ကျစ်...*

လက်ထဲတွင် တစ်ခုခု ဆုပ်ကိုင်ထားသလို ခံစားရတာကြောင့် စောင်ထဲက လက်ကို အပြင်ထုတ်ပြီး ကြည့်လိုက်မိတော့ လူစီးရပ်စ် ၏ မြွေခေါင်း တုတ်ကောက်ကြီး က သူမဆီသို့ ပါလာခဲ့သည်ပဲ...။

ဒီကို လာခဲ့သည့် နည်းအတိုင်း ပြန်သွားရမည် ဆိုသော မျှော်လင့်ချက် ဖြင့် တုတ်ကောက် ၏ အောက်ခြေ ထိပ်ဘု လေးကို တစ်ဖန် နှိပ်လိုက်လေတော့...

( Host.... !)

Host ဆိုသော System ၏ အသံကို ကြားလိုက်မှသာ လျှင် အဲလစ်စ် စိတ်အေးလက်အေး ဖြင့် မျက်လုံးအစုံကို ဖွင့်လိုက်သည်..။

လက်ထဲမှာလည်း တုတ်ကောက်လေး ကို ကိုင်လျက်သား..။

နောက်ဆုံးတော့ ဟိုဘက် ကမ္ဘာ နှင့် ဒီဘက် ကမ္ဘာ တို့၏ ဆက်စပ်မှု ကို အဆုံးစွန် ထိ နားလည် ခဲ့လေပြီ..။
_____________

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now