" ကျောင်းသား အားလုံး နားထောင်ပေးကြပါ! "

ကျောင်းအုပ်ကြီးဒမ်ဘယ်ဒေါ ၏ အသံကြောင့် Great Hall ကြီး တစ်ခုလုံး ခေတ္တ ခန တိတ်ဆိတ် သွားသည်..။

"ဒီနှစ် ရဲ့ ကွစ်ဒစ် ရာသီ ကတော့ မကြာခင် စတင်တော့မှာပါ! "

ရေး..........

ကွစ်ဒစ် ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရေး...ကနဲ ထအော်ကာ ပျော်မြူး နေကြသော ကျောင်းသားများကို ကြည့်ကာ ဆရာ များကတော့ ဝမ်းသာ ပီတိ ဖြစ်ရသည်..။

( Host!ဘာလို့ မျက်ရည်တွေ ဝဲနေတာလဲ ?)

သူ့ ရှေ့တွင် ပျော်မြူး နေကြသော ကျောင်းသား ကျောင်းသူ များ၏ အပြုံးပန်း များကို မြင်တော့ အဲလစ်စ် မျက်ရည်ဝဲမိသည်.. ။

တစ်နေ့မှာ ခွဲရမှာကို သိလျက်နှင့် သံဃောဇဉ် ဆိုတာကြီး က တွယ်ဖြစ်အောင် ကို တွယ်လိုက်သေးသည် လေ.. ။

အမှန် ဆိုရလျှင် အဲလစ်စ် သည် သူမ၏ မူလ ကမ္ဘာ ၊ တစ်နည်းအားဖြင့် သူမ မိသားစု ရှိရာ ကမ္ဘာ ကို ပြန်ရမည့် နည်းလမ်း ကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်...။

( Flash back ....)

အဲလစ်စ် တစ်ယောက် ရုံးခန်းထဲမှာ စာတမ်းတွေ စစ်နေရင်း ဘေးနားတွင် တင်ထားသော မြွေခေါင်း တုတ်ကောက် ဆီသို့ အကြည့်ရောက်သွားမိသည်... ။

တကယ့် လူစီးရပ်စ် သည် ထိုတုတ်ကောက် ၏ အတွင်းထဲတွင် သူ၏ Wand ကို သိမ်းထားပြီး လိုတော့မှ ထုတ်သုံးတတ်သည် တဲ့...။

အဲလစ်စ် ကတော့ အထွေအထူး အသုံးပြုစရာမလိုပဲ စာသင်ချိန် တွင်သာ တစ်ခါတရံ အသုံးပြုရသောကြောင့် ထို တုတ်ကောက် ကို သတိမမူမိခဲ့ပါ..။

သို့သော် သူမ ဒီ ကမ္ဘာ သို့ ရောက်လာရခြင်းမှာ ထိုတုတ်ကောက် နဲ့ ဆက်စပ်မှု ရှိနေသည်ကို သိနေသဖြင့် လက်ထဲက စစ်လက်စ စာတမ်းကို အောက်ချကာ ထို မြွေခေါင်း ပုံစံ တုတ်ကောက်ကို သေချာ ကိုင်ကြည့်မိသည်..။

လက်ရာ မြောက်သော ထွင်းထုပုံက မြွေ၏ ပါးပြင်ထောင်နေ ပုံကို ပို၍ ပီပြင်စေသည်..။
ထို မြွေခေါင်း သည်လည်း သူမ ဒီကမ္ဘာ သို့ ရောက်လာတုန်းက ပါလာခဲ့သည့် Keycharm လေးထဲက မြွေနှင့် တစ်ပုံစံတည်း ဖြစ်သည်..။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now