Part 1

10.3K 846 58
                                    

ⓊⓃⒾⒸⓄⒹⒺ

"Min... ပြောစရာစကားမရှိဘူးလား"

"Taeကကိုယ့်ဆီကကြားချင်တဲ့စကားမျိုးရှိနေလို့လား"

Taehyung က ဆံပင်ကိုထိုးဖွာလိုက်ပြီး

"Clubမှာတွေ့ခဲ့တဲ့ကောင်မလေးနဲ့အိပ်ခဲ့သေးလား"

"ကိုယ်က အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ပဲလေ ဒါတွေကမဆန်းဘူး"

"Min အတွက်မဆန်းပေမယ့် Taeအတွက်တော့ဆန်းတယ် ။ Min က တချိန်မှာ Tae လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူ"

"ငယ်သေးတယ်... Tae ကအခု လက်ထပ်ဖို့တွေးရအောင်အထိအရွယ်မရောက်သေးဘူး"

"Min ပြောချင်တာက ကျွန်တော်က ကလေးတစ်ယောက်ပေါ့... Min အမြင်မှာအဲ့ဒီထက်မပိုဘူးပေါ့"

"စာသွားလုပ်တော့"

"Min..... Tae တို့တွဲကြရအောင်..Min ကို Tae ပိုင်ချင်တယ်"

"မတွဲလဲကိုယ့်ကိုမင်းပိုင်ပြီးသားပါ.. အခုချိန်မှာကိုယ်တို့ဒီစကားတွေဆက်မပြောကြရအောင်"

"မကြိုက်ဘူး.. Min တခြားမိန်းမတွေနဲ့အတူရှိနေတာကို Tae တကယ်မကြိုက်ဘူး"

"အင်း... အတတ်နိုင်ဆုံးရှောင်ပေးမယ် ။ အဲ့တာကြောင့် ထပ်ပြီးပြဿနာတွေမရှာနဲ့တော့ "

Taehyung ထွက်သွားသည် ။

"Jungkook ... ခိုးပြီးနားထောင်မနေနဲ့ ဝင်လာခဲ့"

Jungkook က စီးကရက်လေးကိုဖွာရင်း Suga နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

"Tae နဲ့ဘာလို့တွဲမယ်လို့မပြောလိုက်တာလဲ"

"ငါအဲ့လိုတွဲမယ်လို့ပြောလိုက်ရင် မင်းအခုလိုပြုံးနေအုံးမှာလား"

Sugaက ဝိုင်သောက်ရင်း ခပ်ထေ့ထေ့မေးသည်။
Jungkook ပြုံးလိုက်၍

"ဘာလဲ.. ကျွန်တော့် ကြောင့် Tae ကို မတွဲတာလား"

"မဟုတ်ဘူး ။ ငါသာTaeကိုလိုချင်လာခဲ့ရင် မင်းမျက်နှာကိုထောက်ထားနေမှာမဟုတ်ဘူး"

" Tae ကိုမချစ်ဘူးလား"

"မင်းရောငါရော Tae ကိုချစ်တယ်လေ..အဲ့တာ ဖြေစရာမလိုတဲ့မေးခွန်းပဲ"

CHESS(Completed)Hikayelerin yaşadığı yer. Şimdi keşfedin