Part 21

1K 55 21
                                    

Unicode

မနက်ခင်း နှိုးစက်သံနဲ့ အတူ Jen တစ်ယောက်နိုးထခဲ့တယ် ညက တည်းကသူတစ်ရေးမှ ပြန်မနိုးပဲ အိပ်လာ လိုက်တာအခုချိန်ထိပင် Jen တစ်ယောက်နှိုးစက်ကို ပိတ်ပြီးတာနဲ့ ဘေးနာက အသင့်ရှိနေတဲ့ ရေခရား ထဲကရေကို ဖန်ခွက်ထဲ ငှဲပြီးသောက်လိုက်တယ် ဒါကသူအတွက်မနက်တိုင်းလုပ်ဖြင့်တဲ့ အကျင့် ပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်ပြီး ကိုယ်လက်သန့်စင် ပြီးရေပါတစ်ခါတည်း ချိုးလိုက်တယ် ဒီနေ့ young အိမ်ကိုသွားရမယ်နေ့မဟုတ်လား အမှန်ဆို နေ့လယ်မှ သွားပြီးနေ့လယ်စာ စားရမယ်ဆိုပေ့မယ် သူနဲ့အတူနေလယ်စာချက်ချင်တာကြောင့် စောစော သွားဖို့ပြင်လိုက်တယ် ပြီးရင် ဟိုနှစ်ယောက်ကိုပါ သွားခေါ်ရမယ်လေ Jen ပြင်ဆင်ပြီးတာနဲ့ မနက်စာစာဖို့ အောက်ထပ်ကိုဆင်းသွားလိုက်တယ် ထမင်းစားခန်းထဲရောက်တော့ မမကိုပါတွေ့လိုက်ရတော့ Jen နည်းနည်းအံ့ဩသွားတယ် မမက ဒီနေ့ညနေမှ ပြန်ရောက်မယ်လို့ပြောထားတာမို့လေ Jen လည်း မမဘေးကခုံမှာ ဝင်ထိုင်လိုက်တယ် မမကတော့ သူဘာသာမုန့်စားနေတာပေါ့

Jen..မမ ကပြန်ရောက်တောင် လာပြီပဲ ပြောတော့ ဒီနေ့ညနေဆိုပြီး

Js..အင်း ဒီလိုပဲဖြစ်သွားတယ် ကိစ္စတွေစောစောပြီးသွားတာနဲ့ ပြန်လာလိုက်တာ အမှန်တော့ မနေကညနေ
ထဲကပြန်ရောက်တာ

Jen တွေးလိုက်မိပါတယ် မနေ့ကမမ young ကိုတွေ့သွားလောက်တယ်ဆိုတာ မမ မေးတော့မယ်ဆိုတာကိုသိတာကြောင့် ကော်ဖီကိုပဲ သာငုပ်သောက်နေလိုက်တယ်

Js..ဒါနဲ့ညက nini ကို chaeyoung လာပို့သွားတာနော် နှစ်ယောက်က ဘာတွေလဲ

Jen..အဲ့တာကလေ

Js...ပြောစရာရှိတာပြောပါ nini မပြောလည်း မမကိုညက chaeyoung လေးအကုန်ပြောပြပြီးသွားပြီ

Jen.. young ကပြောပြလိုက်တယ်လား

Js..အင်းမင်းတို့ ချစ်သူတွေ ဖြစ်နေပြီဆိုတာရယ် အခုကလည်း မင်းမှုးလာတာမဟုတ်ပဲ သူကို အပြစ်ပေးတဲ့ဆိုတာရယ်

Jen.. young က အကုန်ပြောလိုက်တော့တာပဲ ဒါနဲ့ မမ young ကိုဘယ်လိုသဘောရလဲ nini နဲ့ကောသဘောတူနိုင်လား

One Day You Love meWhere stories live. Discover now