ရန်ကျားလိက ထိုကောင်လေးကို ကြည့်ရင်း တိတ်တဆိတ် အကဲဖြတ်နေသည်။ ထိုကောင်လေးသည် ရိုးရိုးရှင်းရှင်းနှင့် ခေတ်ဆန်သော အဖြူရောင်ဆွယ်တာနှင့် ဘောင်းဘီအနက်ရောင်ကို တွဲဖက်ဝတ်ဆင်ထားသည်။ မျက်နှာပေါက်က သန့်ရှင်းကြည်လင်ပြီး မဲနက်သော မျက်ဝန်းများကတော့ ရွှန်းရွှန်းစိုနေသည်။ ရယ်လိုက်သည့်အချိန်မျိုးဆိုလျှင် ပါးပြင်ပေါ်၌ ပါးချိုင့်လေးနှစ်ဖက်တောင် ပေါ်လာလိုက်သေးသည်။ အတော်လေးကြည့်ကောင်းသည့် ပုံစံမျိုးပင်ဖြစ်သည်။

ရန်ကျားလိက သူ့ကိုပြုံးပြလိုက်ရင်း ပြန်ဖြေသည်။

"ကိစ္စမရှိပါဘူး၊ ကျေးဇူးတင်ပါတယ်"

ကောင်လေးက ဆန့်ကျင်ဘက်တံခါးကို ညွှန်ပြပြီး တဟဲဟဲနှင့် ပြုံးပြီးပြောသည်။

"ကျွန်တော်က ပြောင်းလာတာ မကြာသေးဘူး၊ ဒီဘက်ပိုင်းနဲ့က သိပ်မရင်းနှီးလို့ နောက်ဆိုများများ အနှောင့်ယှက်ပေးမိတော့မယ်ထင်တယ်"

ရန်ကျားလိလဲ ပျူဌာစွာနှင့် "အားလုံးက အိမ်နီးချင်းတွေပဲဟာ၊ ကူညီပေးရမှာပေါ့"

ထိုကောင်လေးက ရှက်ပြုံးပြုံးလိုက်ပြီး ကျေးဇူးတင်စကား အနည်းငယ်ပြောလိုက်သည်။ ထို့နောက် ရန်ကျားလိကို လက်ပြပြီး သူ့အိမ်ထဲသို့ ဝင်သွားသည်။

ရန်ကျားလိက ထိုကောင်လေးနှင့် ပတ်သတ်ပြီး သိပ်အလေးအနက် မထားခဲ့သော်လည်း ထိုကောင်လေးက တံခါးကို ပိတ်လိုက်ချိန်မှာ အင်္ကျီလက်အောက်မှ လက်ပတ်နာရီကို တွေ့လိုက်ရပြီး သူ့အကြည့်များက အနည်းငယ် အေးစိမ့်သွားရသည်။

တက္ကသိုလ်တုန်းက ယဲ့ထင်၏ ဝါသနာများစွာထဲတွင် အဖိုးတန် နာရီမျိုးစုံကိုစုဆောင်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ အထက်တန်းလွှာများ ဝတ်ဆင်တတ်သော ရှားပါးသည့် ရှေးဟောင်းနာရီများမှစ၍ ခေတ်သစ် Seiko နာရီများအထိ။ ရန်ကျားလိ သူ့အနားမှာ ရှိခဲ့စဥ်က နာရီများနှင့် ပတ်သတ်၍ မနည်းလွန်းလှသော ဗဟုသုတများ ရရှိခဲ့သည်သာ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now