💛အပိုင္း၂💛

797 29 0
                                    


ထိုနေ့ကဦးလေးနောက်Mewလိုက်သွားခဲ့ပီးအိမ်ရောက်တော့အရိုက်မခံရပေမယ့်တော်တော်လေးဆူခံထိခဲ့ရတယ်

Gulfကိုပြန်ပြောပြတော့ သူလေးကစိတ်မကောင်းဖြစ်နေရှာသေး

မလိမ်တမ်းပြောရရင်Gulfကို ဘယ်ချိန်ကဘယ်လိုစချစ်မိခဲ့မှန်းမသိခဲ့ဘူး သူလေးကတကယ်ချစ်ဖို့ကောင်းနေတာ သူ့ရဲ့နှုတ်ခမ်းထူထူလေးတွေကကျနော့်ကိုအသက်ရှုရပ်စေနိုင်တယ်
ကျနော်Gulfကိုချစ်တယ်ဒါပေမယ့်ဖွင့်တော့မပြောဘူး ......

Mewနဲ့Gulfထုံးစံအတိုင်းအပင်ကြီးဆီကနေအိမ်ပြန်လာတော့Mewတို့အိမ်ရှေ့ရောက်နေတဲ့ကားအမဲကြီး.....

"ဟေးးးMewမင်းအိမ်ရှေ့ကမင်းဦးလေးရဲ့ဧည့်သည်လား..ကားကြီးကတော့အမိုက်စားပဲ"

"မသိဘူး..လာသွားကြည့်ရအောင်Gulf."

"ဟာ..နေနေ ငါအိမ်ထဲဝင်တော့မှာ မစပ်စုချင်ပါဘူးငါ့စတိုင်မှမဟုတ်တာ"

"အော်အေးပါဒါဆိုလဲဝင်တော့"

Mewမှာကဦးလေးရှိတာမို့အဆင်ပြေပေမယ့်Gulfကတော့သူ့မိဘတွေကနိုင်ငံခြားမှာမို့ တစ်ယောက်ထဲနေခဲ့လေတယ်Mewဦးလေးနဲ့Gulfအဖေကသူငယ်ချင်းတွေမို့ Gulfကိုမိဘတွေကစိတ်ချထားနိုင်တာပေါ့..

Mewအိမ်ထဲဝင်တော့ဧည့်သည်ခန်းမှာဝတ်စုံပြည့်နဲ့ထိုင်နေတဲ့သူ့ဦးလေးရွယ်တူလောက်ရှိတဲ့လူကြီးနဲ့သူ့ဦးလေးနဲ့စကားပြောနေကြတာကိုတွေ့လိုက်ရတယ်....ဘာပါလိမ့်

mew'sဦးလေး:::သားMewလာထိုင်အုံး ဒီကအန်ကယ်လ်ကဦးလေးလတ်ကိုကူညီပေးခဲ့တဲ့ဦးမာန်တဲ့..

Mew::ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်အန်ကယ်လ်..ဒါနဲ့ဦးလေးကိုကူညီတယ်ဆိုတာက..

Mew'sဦးလေး::အင်း..အကိုမာန်ကဦးလေးလတ်ကို သားကျောင်းစရိတ်တချို့အတွက်ကူညီပေးဖူးတယ်သား

Mew::ဗျာ..ဟို ..အာကျေးဇူးတင်ပါတယ်အန်ကယ်လ်

Mew'sဦးလေး::သားကိုအခုပြောချင်တာက ဒီကအကိုမာန်ကသားကိုမွေးစားချင်လို့တဲ့သားကိုသူကကျောင်းဆက်ထားပေးပီးတော့အမွေစားအမွေခံမွေးစားချင်တာတဲ့ ပီးတော့သားအနာဂတ်လည်းရှိတယ်မလား

"အချစ်ဆုံးထက်ပိုသောသူငယ်ချင်း"[Completed]Hikayelerin yaşadığı yer. Şimdi keşfedin