LUHAN!!!!!

25.8K 1.1K 29
                                    

" APPA!!!!"

" Hey!! Appa သားသားလေးပါလား.. "

" ဟဲ့!! ဟဲ့! ကိုယ်တော်ချော.. "

Lulu တစ်ယောက်ဝင်းပြောင်နေသော ကျွန်းသားလှေကားကြီးပေါ်ကနေ သူ့အဖေကို အော်ခေါ်ဆင်းလာတော့ ဒေါ်Xiumin က ထမင်းစားခန်းထဲကအထွက် လှေကားခြေရင်းတည့်တည့် ရောက်နေပြီဖြစ်သလို မောင်ဖြစ်သူ Jong Dae က ဧည့်ခန်းဆောင်ထဲမှ လက်နှစ်ဖက် ဆန့်တန်းပြီး ရင်ဖွင့်ကာ သားဖြစ်သူကို ကြိုသူကကြိုနှင့်..

သားအဖနှစ်ယောက်ကြား ကြီးတော် ဒေါ်Xiumin က နို့ဖန်ခွက်နှင့် ခေါက်ဆွဲပြုတ်ပန်းကန်ထည့်ထားသော လင်ဗန်းကြီးကိုမနိုင်မနင်းသယ်ရင်း Lulu သူမကိုဝင်မတိုက်မိအောင် နောက်တစ်လှမ်းဆုတ်လိုက်သလို ပါးစပ်ကပါအော်ပြီး သတိပေးဖြစ်အောင်ပေးသည်..

" Luhan!! ဖြေးဖြေးဆင်းစမ်း.. ငါ့ကိုဝင်တိုက်မိ- "

" အောင်မလေးဂျ!! "

" သား!! "

" ဒုန်း!! ခွမ်း!! "

" သွားပါပြီအေ!! "

ပြောလို့မှမဆုံးသေး.. လှေကားပေါ်က ဆောင့်ကြွားဆောင့်ကြွားနဲ့ ခုန်ဆင်းလာတဲ့ Lulu တစ်ယောက် Xiumin ရဲ့ ဗန်းကိုကိုင်ထားတဲ့ လက်ကိုဝင်တိုက်မိကာ..

Luhan ကိုယ်လေး တစ်ပတ်လည်ထွက်သွားပြီး ကြီးကြီး Xiumin ရဲ့ ပခုံးအိအိကြီးကို ကိုင်ပြီးထိန်းလိုက်ရတဲ့အတွက် ဖန်ခွက်နဲ့ ပန်းကန်လုံးကွဲသံတွေ.. ဖွေးခနဲမှောက်သွားတဲ့ နွားနို့တွေ.. ခေါက်ဆွဲတွေ ပြန့်ကျဲသွားပုံက အဖြူရောင်ကြွေပြားကြီးတွေပေါ်မှာ မြင်မကောင်းရှုမကောင်း ဖြစ်သွားလေရဲ့..

" Hahahaha!.. ငါ့သားသားလေးက အစဉ်အလာ မပျက်သေးပါလားဟေ့.. "

" အဟီး.. အာ့ သား style လေ.. Appa ရဲ့.. "

Luhan က ဖခင်ဖြစ်သူကို လှမ်းကြည့်ပြောရင်း သူ့ရင်ခွင်ထဲ ရောက်နေရှာတဲ့ အဒေါ် ပုတုတုသေးသေးကွေးကွေးကို ငုံ့ကြည့်သည်..

" ကန်တော့နော်.. ကြီးကြီး.. ခိခိ.. "

" အံမယ်.. သူကများ ရယ်နိုင်သေးတယ်.. Xiao Luhan မင်းကြောင့်ကွဲတဲ့ ငါ့ပန်းကန်တွေ ဖန်ခွက်တွေနဲ့ ကြွေစက်ရုံကို အမျိုးတော်လို့ရနေပြီဟဲ့.. "

Just A KissWhere stories live. Discover now