"အင်းပါ ပါပါးကလည်း ဒါပဲပြောနေတာ"

သားစကားကြောင့် ရိပေါ်ပြုံးနေလိုက်သည်။သားပြောလည်း ပြောချင်စရာပဲ ကိုကိုက လာနေတဲ့တစ်လမ်းလုံး ဒါချည်းပဲပြောနေတာ။

"အင်းပါ ပါပါးက သားမေ့နေမာစိုးလို့ပါ"

"ကိုကို ရောက်ပြီ"

"အာ ရောက်နေပြီလား "

သားကိုပဲကြည့်လာတာမို့ ကျောင်းရောက်မှန်းတောင် ရှောင်ကျန်းမသိလိုက်ဘူး။

"လာ ပါပါးချီမယ်"

"မချီနဲ့ စော်အော့လူကြီးဖြစ်ပြီ စော်အော့ကိုယ်တိုင်ဆင်းလို့ တတ်ပြီ"

အခုမမူကြိုစသွားတဲ့ စော်အော့လေးက ဒီနေ့မာပဲလူကြီးဖြစ်ပြီတဲ့လေ။ ပါးဖောင်းဖောင်းလေးနဲ့ ကျောပိုးအိတ်လွယ်ပြီး သွားနေတဲ့ စော်အော့က အရမ်းချစ်ဖို့ကောင်းနေတာ။

အချီမခံတဲ့သားကို ရိပေါ်နဲ့ရှောင်ကျန်း အလယ်မာ ခပ်ချေချေလေး သွားနေသတဲ့။
လုံးတုံးတုံးလေးနဲ့ စော်အော့ပုံစံက သူ့ကိုယ်သူ လူကြီးတဲ့ ရိပေါ်နဲ့ရှောင်ကျန်းမျက်စိထဲမာတော့ ချစ်စရာဝက်ပေါက်စလေးဖြစ်နေရော။

ကျောင်းကို ဝင်လာတဲ့လမ်းမာ ကလေးတွေရောတစ်ချို့မိဘပါ ချစ်စရာကောင်းလိုက်တာဆိုပြီး ပြောတာကြားလိုက်သေး။ ဆရာမဆီရောက်တော့ သူတို့က" နီးဟဝ်လောင်ရှီး" လို့ပြောတာကို စော်အော့လေးက ခါးလေးကိုင်းပြီး ခေါင်းငုတ်ရင်းနဲ့ "နင်းဟဝ်လောင်ရှီး"လိုက်နှုတ်ဆက်သေး။

ရှောင်ကျန်းပြောသားပဲ စော်အော့လေးက သင်ပေးသမျှတွေ အကုန်တတ်တယ်လို့။

ဆရာမတွေအားလုံးက သိတတ်လိုက်တာ၊ လိမ္မာလိုက်တာဆိုပြီး ဆရာမအားလုံးက အသဲတယားယား။ တော်သေးတယ် ဆရာမတွေက စော်အော့ဒီကျောင်းကို မလာခင် ရိပေါ်က သူတို့အကြောင်း ပြောပြပြီးသားမို့ ဆရာမတွေက မားအကြောင်း မမေး။ အကယ်၍ထုတ်မေးရင်လည်း ရိပေါ်က သူတို့အားနည်းချက်ကို ထုတ်ပြမာမို့ သူတို့လည်းကြောက်တယ်ထင်ပါ့။

အားလုံးက ချစ်ကြတာကိုမြင်တော့ ရှောင်ကျန်းစိုးရိမ်စိတ်က နည်းနည်းတော့လျော့သွားတယ်။

Our Family (Completed)Место, где живут истории. Откройте их для себя