အခန်း(၂၁)(၂)

Bắt đầu từ đầu
                                    

သို့ပေသည့် အတိတ်တုန်းကတစ်စုံတစ်ယော
က်နှင့်အတွေ့အကြုံများကြောင့်သူ့သဘော
ထားကိုစိတ်အားထက်သန်စွာလမ်းညွှန်လိုက်
၏။

"မင်းတို့နှစ်ယောက်ရှေ့ဆက်လျှောက်ရမယ့်
လမ်းကလွယ်တော့မလွယ်ဘူး ယောကျာ်း
လေးနှစ်ယောက်က ယောကျာ်းတစ်ယောက်နဲ့
မိန်းမတစ်ယောက်ထက်စာရင်ပိုသာတယ်လို့
ထင်ရပေမယ့်သဘောထားကွဲလွဲမှုတွေကပို
ပြီးလွယ်လွယ်ကူကူဖြစ်နိုင်တယ် အနာဂတ်
မှာဘယ်လိုအရာတွေနဲ့ပဲကြုံကြုံတစ်ယောက်
နဲ့တစ်ယောက်အရမ်းခေါင်းမမာနဲ့ မင်းတစ်
လှမ်းလောက်နောက်ဆုတ်ပေးနိုင်တယ်ဆိုရင်
ခြေတစ်လှမ်းဆုတ်ပေးလိုက် အဲ့တာကမင်း
တို့နှစ်ယောက်ကိုအချိန်ကြာကြာအတူရှိစေ
နိုင်တဲ့အပြင်ဒီထက်ပိုပြီးခရီးဝေးအထိရှေ့
ဆက်နိုင်လိမ့်မယ်"

ဝမ်ရွှမ်ကသူရပ်နေသောနေရာတွင်မတ်တပ်ရ
ပ်နေဆဲဖြစ်ပြီးတစ်ခဏမျှအံ့သြသွားရသည်။
ထို့နောက် သူ၏ခေါင်းကိုဖြေးညှင်းစွာခါယမ်း
လိုက်ပြီး

"ဆရာ့ရဲ့သတိပေးမှုအတွက်ကျေးဇူးအများ
ကြီးတင်ပါတယ်"

သူ့မျက်ဝန်းများထဲ၌ရှုပ်ထွေးသောအရိပ်အ
ယောင်တစ်ချို့ထင်ဟပ်နေဆဲပင်။နောက်ဆုံး
တွင် ချူလျန်ကလက်ကိုဝေ့ယမ်းပြီးဝမ်ရွှမ့်ကိုထွက်သွားခွင့်ပြုလိုက်သည်။

ဝမ်ရွှမ့်ပုံရိပ်လေးပျောက်ကွယ်သွားသည်နှင့်
သူ့မျက်လုံးများကိုပိတ်လိုက်၏။သူ့ကိုယ်ပေါ်မှလေးလံသောဝန်တစ်ခုကိုပစ်ချလိုက်ပြီးဖြစ်
သကဲ့သို့တစ်ခဏအတွင်းခံစားလိုက်ရလေ
သည်။

"ရှန်းကော....မင်းလိုချင်ခဲ့တဲ့တပည့်လေးကိုမင်းရဲ့နေရာမှာပဲအချိန်တွေဒီလောက်ကြာတဲ့
အထိငါပျိူးထောင်ခဲ့ပြီးပြီ ငါဒီနေရာမှာပဲရပ်
ရတော့မယ်"

ထိုအခိုက်အတန့်၌ လမ်းပေါ်တွင် ဝမ်ရွှမ်က
ကျောက်စိမ်းအပိုင်းအစကိုထုတ်၍လမ်း
လျှောက်နေစဥ်မှာပဲသူ၏မြင့်မြတ်သောစိတ်
စွမ်းအင်ကိုထိုအထဲသို့ပို့လွှတ်လိုက်၏။

ပထမဆုံးဖတ်မိသောစာကြောင်းသည်ကား
ချူလျန်ကသူ့အတွက်ချန်ထားခဲ့သောစကား
အချို့ဖြစ်ပေသည်။မသေမသပ်စာလုံးများ
​ဖြင့်ခပ်ကြီးကြီးရေးထားလေသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ