"သူ...အတိုက်ခိုက်ခံရတာပါ!"

ထိုသည်ကိုလည်း အဲလစ်စ် သာ ဖြေလိုက်ခြင်း..
ဘေးနားက စနိပ်ကတော့ လူစီးရပ်စ် ပြောသမျှကို ဘာမှ ဝင်မပြော ဘဲ နားထောင် နေသည်..။

"ဘယ်လိုပဲ ဖြစ်ဖြစ် မဒမ်....!ဒီကိစ္စက ဘယ်သူမှ သိလို့ မဖြစ်သေးဘူး.. !"

လူစီးရပ်စ် ၏ စကားကို မဒမ် ပွန်ဖရေ က သဘောပေါက်သည် ဆိုသည့် အကြည့်ဖြင့် ခေါင်း တစ်ချက် ညိမ့်ပြရင်း ဆီးမက်စ် ၏ အခြေအနေ ကို အကဲခတ်နေသည်..။

"မဒမ်!လူစီးရပ်စ် က ခေါင်းကိုက်လို့တဲ့!"

ထို စကားကို ဖြတ်ပြော လိုက်သည်က ဆေးဗားရပ်စ်...

ဆီးမက်စ် ကိစ္စ ကြောင့် အဲလစ်စ် မှာ ကိုယ် ခေါင်းကိုက် တာတောင် မေ့နေသော်လည်း ဆေးဗားရပ်စ် ကတော့ မမေ့...။

'လူစီးရပ်စ် ရေ!ပျော်ပေဦး ပေါ့! '*

ထိုသည်ကား အဲလစ်စ် ပြောလိုက်သည့် တကယ့် လူစီးရပ်စ် ကြီးအား အားပေးသည့် စကား...။

ဆေးဗားရပ်စ် စနိပ် ဆိုတာဟာ အပြင်ပန်းမှာ မာကျောနေသော်လည်း အတွင်းပိုင်းမှာ တော့ နူးညံ့နေသည် ရော လား...။

ထို့နောက် မဒမ် ပွန်ဖရေ ၏ အကူအညီ ဖြင့် ဆေးတစ်ခွက် သောက်ပြီး ရုံးခန်း သို့ ပြန်လာခဲ့သည်..။

ရုံးခန်းထဲ ရောက်တော့ ခုနက သူ မဟုတ်သလို တံခါးကို ဒုန်း ကနဲ ပိတ်ကာ ဒီကိစ္စ ရဲ့ တရား ခံ က မင်းလား ဆိုပြီး စစ်မေးလေတော့ လူစီးရပ်စ် မှာ မလိမ်နိုင်တော့ဘဲ Tom riddle diary အကြောင်းအား ပြောပြလိုက် ရတော့သည်..။

အဲ့ဒီနောက် သူပြောခဲ့သည့် စကားက

"မင်းကို ငါ ကာကွယ်မယ် " တဲ့....။

( Flash back end... !)

__________________________

ထိုအကြောင်းကို ပြန်တွေးရင်း အဲလစ်စ် တစ်ယောက် စိတ်ဆုံးဖြတ် လိုက်သည်ကား သူ့ကိုယ်သူ အနစ်နာခံ ၍ ဆေးဗားရပ်စ် ၏ နှလုံးသားထဲတွင် ပုန်းခိုနေသော ရင်ခုန်သံ ပန်းဖူး လေး များကို တကယ့် လူစီးရပ်စ် ကြီး အတွက် အပွင့် ပေါက်စေရန်  ဖြစ်သည်...။

ကဲ....အခု တော့ ဆေးဗားရပ်စ် လေးနဲ့ တွေ့ရဖို့ ဒမ်ဘယ်ဒေါ ရုံးခန်း သို့ သွားရ ပေဦး မည်...။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Tahanan ng mga kuwento. Tumuklas ngayon