123

312 30 1
                                    

ဘာအတွက်လဲ တဲ့
မင်းအတွက်ပါပဲ။

တောင်အရပ်က နေကြာညိုတွေ
‌သောကြာညနေက ဆည်းဆာတွေ
ပင်လယ်ထဲက ကြယ်ငါးတွေ
ဟိုဘက်ရပ်ကွက်က သရေစာတွေ
ဂစ်တာပေါ်က သံစဉ်ကြိုးတွေ
အခန်းထောင့်က ကြောင်တွေ။

မာဘိုလိုတွေ
အနက်ရောင်ပါတဲ့ အသုံးအဆောင်တွေ
အတူတူရှိရင် ပိုပျော်မယ်ထင်ရတဲ့ ညနေတွေ။

ဘာအတွက်လဲ တဲ့
မင်းအတွက်ပါကွယ်။
အထက်ပါတွေအပြင် အချစ်တွေပါ ပါ,ပါတယ်။
ဘာအတွက်မှမဟုတ်ပါဘူး
မင်းအတွက်ပါပဲ
မင်းတစ်ယောက်တည်းအတွက်ပါပဲ။

ကျေနပ်ပါရဲ့လား
ပေးပို့လိုက်တာတွေ လက်ခံရရှိပါရဲ့လား။

လက်ဆောင်ကို ဖွင့်ဟတဲ့အခါ
မင်းပြုံးသွားလေမလား။
တကယ်ဆို အဲ့ဒီနေရာမှာ ငါရှိနေသင့်တာ။

#Meldian
#14Oct2021

*****

ဘာအတြက္လဲ တဲ့
မင်းအတွက်ပါပဲ။

‌သောကြာညနေက ဆည်းဆာတွေ
ပင်လယ်ထဲက ကြယ်ငါးတွေ

မာဘိုလိုတွေ

ဘာအတွက်လဲ တဲ့
မင်းအတွက်ပါကွယ်။
ဘာအတွက်မှမဟုတ်ပါဘူး
မင်းအတွက်ပါပဲ

ကျေနပ်ပါရဲ့လား

မင်းပြုံးသွားလေမလား။

#Meldian
#14Oct2021

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now