Chapter(61):ပိုအားပြင်းသော တွန်းအားပေးမှု

Start from the beginning
                                    

"တကယ်လား? အဲ့ဒါဆိုရင် ကျွန်တော်ဒီနေ့မြည်းကြည့်ရမယ်။" ရှန်ချန်ကကျန်းမော့ရှန်းကို ရန်ဆွသလိုမျိုး သူ့ရဲ့မျက်ခုံးကို ပင့်ပြလိုက်ပြီး တခစ်ခစ်ရယ်မောရင်း ပြောလိုက်တယ်။

ကျန်းမော့ရှန်းက ရိုးရိုးရှင်းရှင်းကိုပဲ အချိန်စက္ကန့်မရွေး အရူးတစ်ယောက်လိုပြုမူနေတတ်တဲ့ ဒီသူငယ်ချင်းကို အာရုံစိုက်ပေးဖို့ စိတ်အနှောင့်အယှက်ဖြစ်ခံမနေဘူး။ သူအနားယူချင်နေပြီဆိုတဲ့ ဆင်ခြေနဲ့အတူ သူ့ကိုမောင်းထုတ်ပစ်လိုက်တယ်။

အိပ်ရာဆီပြန်ပြီးနောက် ကျန်းမော့ရှန်းက နေ့တိုင်းနေ့တိုင်း ညစာချက်ပြုတ်ပေးနေတဲ့လူက သစ်အယ်သီးလေးဆိုတာကို ရုတ်တရက်သတိရသွားတယ်။ ဆိုလိုတာက ဒီညမှာရှန်ချန်က သစ်အယ်သီးလေးချက်ပြုတ်ထားတာကို စားရတော့မှာပေါ့။

သူတောင်မှ သစ်အယ်သီးလေးချက်ပြုတ်ထားတာကို မစားဖူးသေးဘူး။ ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်က စားနိုင်ရတာလဲ? သူဒီလိုမျိုးတွေးမိလိုက်တာနဲ့ချက်ချင်း ကျန်းမော့ရှန်းတစ်ယောက် ရုတ်တရက်ဝမ်းနည်းသွားမိတယ်။ ဒါပေမဲ့ သစ်အယ်သီးလေးက live stream လုပ်ဖို့လိုအပ်နေတာဆိုတော့ သူသစ်အယ်သီးလေးကို မချက်နဲ့လို့လည်း ပြောလို့မရဘူး။

သူ့မိဘတွေကို ဘေးဖယ်လိုက်ရင်တောင် သူကသစ်အယ်သီးလေးချက်ပြုတ်တာကို ပထမဆုံးမြည်းကြည့်ဖူးတဲ့လူ မဟုတ်ဘူးဆိုတာကို တွေးလိုက်မိတာနဲ့ချက်ချင်း ကျန်းမော့ရှန်းတစ်ယောက် သူ့နှလုံးသားက အက်စစ်ရည်ထဲမှာနစ်မြှုပ်သွားသလို ခံစားလိုက်ရတယ်။

မဟုတ်ဘူး။ သူရှန်ချန်ကို ဒီအကျိုးအမြတ်ကို ယူခိုင်းလို့မဖြစ်ဘူး။ သစ်အယ်သီးလေးချက်ပြုတ်ထားတာကို သူအရင်စားမှဖြစ်မယ်။

သူ့ရဲ့အခုလက်ရှိအခြေအနေအရဆိုရင် သူ့မိဘတွေက သူ့ကိုအောက်ထပ်ကိုဆင်းပြီး သူတို့နဲ့အတူတူ ညစာစားခိုင်းမှာမဟုတ်ဘူး။ သူ့ကိုယ်သူမြန်မြန်ကုသဖို့ သူလိုအပ်နေပြီ!

အရင်တုန်းကတော့ ကျန်းမော့ရှန်းက လျင်လျင်မြန်မြန်ပြန်လည်ကောင်းမွန်လာမှုက မလိုလားအပ်တဲ့အာရုံ​တွေကို ဆွဲဆောင်မိမှာကို သူစိုးရိမ်နေခဲ့တာဖြစ်တယ်။ အဲ့ဒါကြောင့် သူတစ်ကြိမ်ကျင့်ကြံပြီးတိုင်းမှာ ဖြေးဖြေးအေးအေးနဲ့ စိတ်စွမ်းအင်စွမ်းအားပမာဏ အနည်းငယ်ကိုပဲ ကုသမှုအတွက် အသုံးပြုနေခဲ့တာဖြစ်တယ်။ အခုတော့ ပိုပြီးအားကောင်းတဲ့ တွန်းအားပေးမှုတစ်ခုနဲ့အတူ သူစုဆောင်းမိထားတဲ့ စိတ်စွမ်းအင်စွမ်းအားအားလုံးကို သူ့ကိုယ်သူကုသဖို့အတွက် အသုံးပြုလိုက်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now