Kitty ခပ်ချဉ်ချဉ်ပဲ ထိုအတိုင်း တွေးလိုက်သည် ။

ရှောင်းကျန့်မှာ သူ့ကို ပြန်မဖြေဘဲ ငြိမ်နေသော Kitty ကို တွေဝေစွာငေးကြည့်နေမိသည်။

'ငါတို့နှစ်ယောက်က ဘယ်လိုပတ်သတ်နေတာလဲ Kitty......'

^-^-^-^-^-^-^

ကျန်းလင်းယွဲ့သည် ဧကရာဇ် ၏ နန်းဆောင်သို့ ရောက်ရှိနေသည်။

"ဆိုတော့ ကိုယ်လုပ်တော်ကျိုးက မျက်စိမမြင်ချင်ယောင်ဆောင်နေတာပေါ့ ဟုတ်စ မိဖုရား ကျန်း ''

နန်းဆောင်ထဲ မှာ ပိုင်ဝူရိ၏ အာဏာသံက ခပ်ရှရှ ပေါ်ထွက်လာသည်။
ကျန်းလင်းယွဲ့၏ မျက်နှာကလည်း တည်ငြိမ်နေတာကြောင့် ပိုင်ဝူရိအနည်းငယ်တွေဝေသွားရသည်။
ကျန်းလင်းယွဲ့ က အမှီခိုကင်းပြီး သူ့ဘာသာသူ ရပ်တည်နေသောအမျိုးသမီး။
ယောကျ်ားတွေနဲ့ရင်ဘောင်တန်းနိုင်သောရဲရင့်ထက်မြက်သည့်မိန်းကလေး ၊၊

သူမကကျိုးဝေ့ဖုန်းကိုမနာလိုနေတာတော့မဟုတ်မှန်း ဝူရိက ရိပ်မိသည်။

"အရှင် ကျွန်မကို မယုံရင်လည်း ကျွန်မမတတ်နိုင်ဘူး ဒါပေမယ့် အရှင်သိထားသင့်တယ်ထင်လို့ကျွန်မလာပြောပြတာပါ ကျွန်မစကားတွေမှာအမှားတစ်ခုမှမပါဘူး
ကျွန်မက အရှင့်ကိုရဖို့အတွက်နဲ့ သူများတစ်ဖက်သားကို အပြစ်ဖို့ပြီးချောက်ချမဲ့အတန်းအစားမဟုတ်ဘူး ကိုယ်လုပ်တော်ကျိုးက သင်္ကာစရာမကောင်းလို့သတိပေးတဲ့သဘောပါ ကျွန်မကို ခွင့်ပြုပါအုန်း ''

ဖက်စိမ်းရောင်ဝတ်စုံနဲ့မိဖုရားက နန်းဆောင်ထဲမှ ထွက်ခွာသွားလေပြီ ။
ပိုင်ဝူရိကသာ တွေဝေစွာ ကြောင်ငေးနေလျက်ကျန်နေဆဲ။

"တကယ်ပဲ ဝေ့ဝေ့က အကြံအစည်နဲ့ဟန်ဆောင်နေတာလား ကိုယ်လုပ်တော်စူးကြောင့် မျက်လုံးကွယ်သွားတာပါ ငါ့ရဲ့ သမားတော်ကြီးနဲ့စစ်ဆေးကြည့်တော့လည်း တကယ်ပဲ မျက်လုံး ကွယ်သွားပြီလို့ပြောခဲ့တာလေ ဒါဆို ဘယ်လိုများ ''

ပိုင်ဝူရိက စဉ်းစားနေရင်းမှ လတ်တလောအချိန်ကာလတစ်ခုက ကျိုးဝေ့ဖုန်းက မျက်စိကုသဖို့ငြင်းဆန်တဲ့ကိစ္စကိုသတိရသွားသည်။ မျက်စိကို ပုဝါအုပ်မထားတဲ့ကျိုးဝေ့ဖုန်းက ဘယ်သူနဲ့ ဘယ်အချိန်က ဆေးကုပြီးပြန်မြင်လာတာလဲ ဆိုတဲ့အတွေးက ခေါင်းထဲမှာ ဖြတ်ခနဲ ပေါ်လာသည် ။

Peculiarly System [Completed ]Where stories live. Discover now