"မောင်..."

လောင်းရိပ်ကို ဆက်ပြောခွင့် မပေးဘဲ မောင် ပြေးထွက်သွားလေသည်။
မေလေးခမျာလည်း အငိုရပ်ပြီး မောင်ပြောသွားသော စကားများကိုသာ စဥ်းစားနေပုံရသည်။
.........

မျက်ဝန်းအိမ်ထဲ ပြည့်ခါနီးပြီ ဖြစ်သော မျက်ရည်များကို လက်ခုံဖြင့် ကြမ်းကြမ်းတမ်းတမ်း ဆွဲသုတ်ပစ်လိုက်သည်။
ဖန်ပုလင်းလေးက မောင်ရတဲ့ မုန့်ဖိုးလေးတွေကို မစားရက်မသောက်ရက် စုပြီး ဝယ်ထားတာလေးလေ ။
ဦးရိပ်ပြန်ခါနီးရင် ပုလင်းထဲကို မောင်ကိုယ်တိုင် ခေါက်ထားတဲ့ စက္ကူကြယ်လေးတွေ ထည့်ပြီး လက်ဆောင်ပေးမလိုပါ ။
မေက မောင်လုပ်ထားတဲ့ ကြယ်လေးတွေကို ယူဆော့ပစ်သလို ပုလင်းကိုပါ လိုချင်နေတော့ မောင် စိတ်ထိန်းမရပဲ ပုလင်းလေးအား ကိုယ်တိုင်ခွဲပစ်ပြီး ဒေါသကို ဖြေလျှော့ပစ်မိသည် ။
ပြီးတော့ ဦးရိပ် ၊ အကြောင်းစုံကို မသိပါဘဲ မေပြောတာကို နားထောင်ပြီး မောင့်ကို အထင်လွဲဦးမည်။ မေပြောတာထက် မောက် ကိုယ်တိုင်ပြောပြီး အထင်လွဲခံလိုက်တာက ပိုကောင်းမည်ဟု တွေးကာ ပြောပစ်ခဲ့လေသည်။

အိတ်ကပ်ထဲမှ ချိုချဥ်အလုံးလေးထုတ်ကာ ဖောက်စားလိုက်သည်။ ထို့နောက် ပန်းခြံထဲရှိ မြက်ခင်းစိမ်းပေါ်သို့ လှဲချလိုက်ပြီး ကောင်းကင်ကြီးသို့ မော့ကြည့်နေလိုက်တော့...
မိုးတိမ်တွေနဲ့ အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးမှာ မှိုင်းညှို့နေသည်။ မကြာခင် မိုးရွာတော့မယ် ထင်ပါရဲ့ ။
ကျေးဇူးပဲ ကောင်းကင်ကြီးရေ... မောင့်အစားငိုပေးဖို့ လုပ်နေလို့ ။
.........
ရာသီအလီလီပြောင်းရွှေ့လာပြီ။
မောင်နဲ့မေတောင် ၁၀တန်းစာမေးပွဲတွေ ဖြေပြီးပြီပေါ့ ။ ၁၅နှစ်အရွယ်လေးတွေမို့ အရပ်လေးတွေ ရှည်လာပေမယ့် မောင်နဲ့ မေကတော့ အရပ်က သိပ်မကွာခဲ့ပါ။ ၅ပေ၅လက်မဆိုတာ မေအတွက်က အဆင်ပြေပေမယ့် မောင့်အတွက်တော် ပုသည်ပြောရမည်။ ဒါပေမယ့် ချစ်စရာကောင်းကြပါသည်။
ဆိုတော့ လောင်းရိပ်လည်း ဆရာဝန်ပေါက်စလေး ဖြစ်လို့နေပြီး မောင်တို့ မြို့လေးသို့ လက်ထောက်ဆရာဝန်လေးအဖြစ် ပြောင်းရွှေ့ရမည်။ လောင်းရိပ် ဖေဖေက သဘောတကျ ရှိပေမယ့် မေမေကတော့ သိပ်မကြိုက်ချင် ။ ဒါပေမဲ့ လောင်းရိပ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ အသိအမှတ်ပြု လိုက်လျောပေးပါသည်။
...

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now