လူစီးရပ်စ် ထို မျက်ဝန်းများကို အကြည့်လွှဲပြီး ကျောက်ရုပ်ဖြစ်နေသော ဆီးမက်စ် ကို ပွေ့ချီကာ မဒမ် ပွန်ဖရေ ဆီကို ပို့ရန် ပြင်လိုက်သည်.. ။

"မင်းတို့... အဆောင် ပြန်ကြ!ဒီ ကိစ္စ ကို ဘယ်သူ့ကိုမှ မပြောနဲ့!"

ထို သည်ကား ပရော်ဖက်ဆာ စနိပ် ၏ အမိန့်စကား...။

"ဟုတ်ကဲ့!!!"

သုံးယောက်လုံး ပြိုင်တူ ဖြေရင်း ကျောခိုင်းသွားသော ဆရာနှစ်ယောက်ကို ကြည့်ရင်း သက်ပြင်း တစ်ချက် ချကာ အဆောင်သို့ ပြန်လိုက်လေတော့သည်..။

___________________

ဒုန်း........။

"ဒါ မင်း လက်ချက် မလား? လူစီးရပ်စ်! "

ရုံးခန်း တံခါးကြီးကို ဒုန်း ကနဲ ပိတ်လိုက်သည်နဲ့ ဆေးဗားရပ်စ် ၏ အသံက လူစီးရပ်စ် ၏ ရုံးခန်းထဲတွင် ဆူညံသွားသည်.. ။

"ငါ မဟုတ်ဘူး!"

လူစီးရပ်စ် ၏ စကားကို ဆေးဗားရပ်စ် ယုံကြည်ချင်မိပါသည်..။

သို့သော် မယုံရဲ....Death eater အချင်းချင်း တောင် ပို၍ ရက်စက် တတ်သူကား လူစီးရပ်စ် ပင် ဖြစ်သည်..။

ဒီ Hogwart ကျောင်းကြီး သို့ ရောက်လာသည်မှာလည်း ရိုးရိုးသားသား မဖြစ်နိုင်...။

"မင်း....ငါ့ကို ပြောပြမှ ဖြစ်မယ်!"

သူ့ မျက်လုံးကို စေ့စေ့ကြည့် ရင်း ပြောလာသည့် ဆေးဗားရပ်စ် ၏ မျက်ဝန်းများကို အဲလစ်စ် ရင်မဆိုင်ရဲပါ.. ။

တကယ့် လူစီးရပ်စ် ၏ လုပ်ရပ်တစ်ခုက ဤ ကဲ့သို့ ကိစ္စ ကြီး ဖြစ်နေလေပြီ...။

"............"

လူစီးရပ်စ် တဖြစ်လဲ အဲလစ်စ် တစ်ယောက် ပါးစပ်ကို တင်းတင်းစေ့ထားမိသည်...။

"မင်း ငါ့ကို ပြောပြမှ ရမယ်!လျို့ဝှက် ခန်းဆောင်  ပွင့်လာပြီ!
ဒီ ထက် ပိုဆိုးမလာခင် ပြောပြပါ..မင်း ဘာလုပ်လိုက်လဲ! "

ဆေးဗားရပ်စ် ဟာ လူစီးရပ်စ် ၏ ပုခုံးနှစ်ဖက် တင်းတင်း ဆုပ်ကိုင်ကာ သေချာ သိရအောင် စစ်မေးနေမိသည်..။

ဒီလူသားသာ တစ်ခုခု ဖြစ်သွားရင် ရင်ကျိုးရမည်က သူ...။

လူစီးရပ်စ်... ကျေးဇူး ပြုပြီး....*

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now