အခန်း(၂၀)

Start from the beginning
                                    

ချူလျန်၏နှုတ်ခမ်းများတွန့်ကွေးသွားပြီး
ဝတ်ရုံအနားစကိုခါ၍တိတ်ဆိတ်စွာပြော
လိုက်၏။

"ငါမင်းနဲ့စိတ်အနှောင့်အယှက်မဖြစ်ချင်တော့ဘူး"

ထို့နောက်ထွက်ခွာရန်ချက်ချင်းလှည့်လိုက်
လေသည်။

သို့သော် တံခါးသို့သူလမ်းလျှောက်လိုက်စဥ်
မှာပဲဝမ်ရွှမ်ကသူ့အနောက်မှနှစ်ကြိမ်ထပ်မံ
ညည်းညူလာခဲ့သည်။

"ရေဆာတယ်...."

ချူလျန်ကစိတ်ထဲ၌ကျိန်ဆဲလိုက်ရင်းလက်
တစ်ဖက်ကိုဆန့်တန်းလျက်ရေအိုးတစ်အိုးကို
ဆင့်ခေါ်လိုက်၏။ဝမ်ရွှမ့်နှုတ်ခမ်းပေါ်တင်
ပြီးလောင်းချလိုက်သည်နှင့်ချက်ချင်းရေသီး
သွားခဲ့ရသည်။နောက်ဆုံးတွင်ချူလျန်က
ဝမ်ရွှမ့်အသက်ရှုနှုန်းကိုတည်ငြိမ်အောင်စီမံ
နိုင်ခဲ့ပြီးရေအနည်းငယ်သောက်နိုင်ရန်ဂရုတ
စိုက်ကူညီခဲ့သည်။ထို့နောက်သက်ပြင်းချရင်း
တိုးညှင်းစွာပြောလိုက်၏။

"မမျှော်လင့်ထားတဲ့ပြသနာတွေကိုမင်းပိုပြီး
မဖန်တီးတော့ရင်ကောင်းမယ်"

သို့ပေသည့်ဤနိုးတစ်ဝက်၊သတိလစ်တစ်
ဝက်အနေအထားတွင်တောင်ဝမ်ရွှမ်ကခေါင်း
မာနေဆဲပင်။

ပထမတစ်မိနစ်မှာရေဆာတယ်လို့ညည်းညူ
ပြီး နောက်တစ်မိနစ်မှာတော့ဗိုက်ဆာတယ်၊
နာကျင်တယ်၊အေးတယ်၊ပူတယ်လို့အမျိုးစုံ
ညည်းနေတဲ့အပြင်အိပ်မက်ဆိုးတွေတောင်မက်နေသေးတယ်။

ချူလျန်ကိုရူးသွားလုမတတ်နှိပ်စက်နေခဲ့ပြီး
သူ့ရဲ့တပည့်ကဒီလောက်အထိဒုက္ခပေးနိုင်မှန်း ဒီအချိန်မှာသူပထမဆုံးသိလိုက်ရတယ်။
သူတကယ်ပဲအမြင်သစ်တစ်ခုလုံးကိုခံစားရ
ပြီးဝမ်ရွှမ့်ကိုတံခွန်တိမ်တိုက်ဂိုဏ်းစီပထမ
ဆုံးအကြိမ်ခေါ်လာတုန်းကတောင်ဝမ်ရွှမ်က
တစ်ခါမှဒုက္ခမပေးခဲ့ဘူးဆိုတာကျိန်ပြောရဲ
တယ်။အဲ့ဒီအချိန်တုန်းကဝမ်ရွှမ်ဟာအသက်
နှစ်နှစ်ပဲရှိသေးတာတောင်မှပေါ့။

နှစ်နှစ်သားအရွယ်ဝမ်ရွှမ်ကသွားလေးတွေ
တောင်မပေါက်သေးဘူး။သေးငယ်ပြီးနူးညံ့
တဲ့ဘောလုံးနုနုလေးအရွယ်ပဲရှိသေးပေမယ့်
အလွန်ကောင်းမွန်စွာပြုမူခဲ့တယ်။သူစားဖို့
ပေးသမျှဘာကိုမဆိုအကုန်စားတယ်။သူ့ကို
ပြောထားတဲ့အတိုင်းအိပ်တယ်။မလှုပ်နဲ့လို့
ပြောရင်လည်းမလှုပ်ခဲ့ဘူး။အခုတော့အချိန်
တွေလည်းပြောင်းလဲလာခဲ့ပြီ။အဲ့ဒီအချိန်တုန်းကဝမ်ရွှမ့်ရဲ့စိတ်အေးချမ်းမှုလေးကဘယ်လောက်အထိရင်ထဲထိခဲ့ရသလဲဆိုတာ
ချူလျန်သဘောပေါက်ခဲ့တယ်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now