"မစားချင်ဘူးလို့ ပြောနေတယ်လေ "

မေက မောင့်လက်မောင်းကို ကိုင်ကာ သူနှင့်အတူ လိုက်ရန် ချော့ခေါ်နေသောလည်း မောင်က မေ့လက်ကို အားဖြင့် ဖြုတ်ချပစ်ပြီး လေသံမာမာဖြင့် ပြောလိုက်တော့ လောင်းရိပ်မှာ မောင်ဘာဖြစ်သွားလဲဆိုတာ မခန့်မှန်းတတ်။ ကြီးကြီးပြောသလိုများ မေလေးကို အနိုင်ကျင့််တတ်တာလား ။

"မောင်...မေနဲ့ တကယ်မလိုက်တော့ဘူးလာဟင်.. မေက မေက အတူတူသွားချင်တာကို "

မေက ငိုမဲ့မဲ့လေး ပြောကျန်ခဲ့ပေမယ့် မောင်ကတော့ အိမ်ဘက်သို့သာ ပြေးသွားလိုက်ပါတော့သည်။
လောင်းရိပ်လည်း မောင့်ကျောပြင်ကိုကြည့်ရင်း.ရင်ထဲ၌ အစိုင်အခဲလေးတစ်ခုကြောင့် လေးလံသွားသလိုပင်။

"ကိုကို...."

"ဟင်"

မောင့်ကို ငေးကြည့်မိနေတာ ဘယ်လောက်ကြာသည်မသိ မေက သူ့လက်ကို သူမလက်ချောင်းသေးသေးလေးဖြင့် လာတွဲမှ သတိပြတ်ဝင်လေသည်။

"မေလေး ဘာမုန့်စားမလဲ "

"ရေခဲမုန့်..."

"ဆေးရုံထဲမှာ မရဘူးထင်တယ် အပြင်သွားဝယ်ကြမလား "

"ဟုတ်....ပြီးတော့လေ မောင့်ဖို့ကော ဝယ်သွားလို့ ရလားဟင် ၊ မောင်က ချောကလတ်ပါတဲ့ ဘယ်မုန့်မဆို တအားကြိုက်တာ "

"ဝယ်ပေးမှာပေါ့ မေရဲ့ ၊  မောင်က စိတ်ဆိုးသွားပြီထင်တယ်"

"မဟုတ်ပါဘူး မောင်က မေနဲ့ရန်ဖြစ်ပြီးရင် အဲ့လိုပဲ ခဏငြိမ်သွားတာ ၊ မေက မုန့်ကျွေးလိုက်ရင် မေနဲ့ တူတူပြန်ဆော့ပေးတယ်"

"ခဏစိတ်ကောက်သွားတာ နေမှာပေါ့ ၊ မောင်က မေ့ကို စိတ်ကောက်နေကြလား "

"ဟုတ်တယ် ဟီး...၊ မေက စတော်ဘယ်ရီရေခဲမုန့်စားမှာနော်"

"ဟုတ်ပါပြီဗျာ "

"မေ့ကို ချီ"

မေက သူ့လက်နှစ်ဖက်လေးက ချီမစေကန် မြှောက်ပြတော့ လောင်းရိပ်လေး ချိုင်းမှ မကာ ၇ နှစ်အရွယ် ကလေးခန္ဓာကိုယ်လေးဆိုသော်လည်း.သေးသေးညှက်ညှက်လေးမို့ လောင်းရိပ်အတွက် ဝန်ထုပ်ဝန်ပိုးကြီးမဟုတ် ။ မောင်ဆိုရင်ကော မေ့လို ပေါ့ပေါ့လေးများ ဖြစ်နေမလား ။
ပန်းခြံနားမှာရှိတဲ့ ဆေးရုံကြီး၏ ဓာတ်မှန်ခန်းနားအကွယ်မှာတော့ မောင်ဆိုတဲ့ ကောင်လေးတစ်ယောက်ကြည့်နေတာတော့ မေနဲ့ လောင်းရိပ်တို့ မမြင်ခဲ့ကြပါပေ။
......

နားခိုခွင့် /နားခိုခြင့္ {Completed }जहाँ कहानियाँ रहती हैं। अभी खोजें