အဖြစ်အပျက်ကို သေချာမသိသေးသော လောင်းရိပ်မှာ မောင့်ကို အပြစ်မတင်လိုသော်လည်း.မေ့ကို သနားရပြန်သည်။
မေကျေနပ်စေရန် မောင့်အား အသံမြင့်၍ ပြောလိုက်ပါသည်။

"မောင်...မေလေးကို အလျှော့ပေးရမယ်လေ ၊ မောင်က အကြီးပဲ ၊ နောက်တစ်ခါ ဒီလိုမလုပ်ရဘူးနော် ၊ ရိုက်ခံရလိမ့်မယ် ၊ မေလည်း.မငိုနဲ့တော့နော် ကိုကို မောင့်ကို ဆူလိုက်ပြီသိလား "

"မောင်...မောင်မလုပ်..."

မောင့်အသံမှာ တဖြေးဖြေး တိုးဝင်သွားပါတော့သည်။

"ကြည့်ပါဦး.ကိုကို့ညီမလေး သနပ်ခါးတွေ ပျက်ကုန်ပြီ မငိုနဲ့တော့နော် ၊ တော်ကြာမလှပဲနေလိမ့်မယ် "

မောင်ရှင်းပြဖို့ ကြိုးစားပေမယ့် လောင်းရိပ်က မောင့်ကို မကြည့် ၊ မေ့ကိုသာ ချော့နေလေသည်။
မောင်ချစ်တဲ့ ဦးရိပ်လည်း မောင့်စကားကို နားထောင်မပေးဘူးပဲ ၊ ဦးရိပ်လည်း.အတူတူပါပဲ ။

ဒါပေမယ့်  ဦးရိပ်က အနည်းဆုံးတော့ မောင့်ကို တော်တယ်လို့ ချစ်စရာကောင်းတယ်လို့ ချီးကျူးပေးခဲ့ပါသေးတယ်လေ။ဦးရိပ်က မောင့်အတွက် တကယ်ထူးခြားခဲ့တာပါ။
မောင်နဲ့မေနဲ့ ယှဥ်လိုက်ရင်တော့ ဦးရိပ်က မေ့ဘက်မှာပဲ နေတာပါပဲ ။

တကယ်ပဲ မောင့်စကားကို နားထောင်ပေးမယ့်သူ မရှိဘူးလား။ မောင်လည်း ရှင်းပြပေးချင်တယ်လေ ။ နားထောင်မပေးနိုင်ကြဘူးလား ။

နောက်ဆုံးတော့ မောင့်ပုံစံအတိုင်းပဲ မောင်ပြန်ဖြစ်သွားပါပြီ။ နားထောင်မပေးနိုင်တဲ့သူတွေအဖို့ မောင့်မှာ ပြောစရာစကားမရှိတော့ပေ ။

"ကဲ မေလည်း အငိုတိတ်ပြီဆိုတော့ ကိုယ်က မုန့်ဝယ်ကျွေးမယ် ၊ စားကြမှာလား "

"ဟုတ်"

အငိုတိတ်သွားသော မေမှာ ခုနက ဘာမှ မဖြစ်သလိုမျိုး နေနိုင်သွားလေပြီ ။ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးပြကာ လောင်းရိပ်ပေါ် ထိုင်နေရာမှ ထခုန်လေသည်။

"မောင် မစားတော့ဘူး "

"မောင်ကလည်း လိုက်ခဲ့ပါ ကိုကိုက စေတနာနဲ့ ဝယ်ကျွေးတဲ့ဟာကို "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now