122

256 27 0
                                    

ဒေစီတွေလည်း နွမ်းမှာ။
နှင်းဆီတွေလည်း နွမ်းမှာ။
လီလီတွေလည်း နွမ်းမှာ။

နွမ်းမှာသိရဲ့ ရအောင်စိုက်ဖြစ်ခဲ့။
ချိုးလိုက်ရင် နွမ်းမှာသိရဲ့ ရအောင်ခူးဖြစ်ခဲ့။
ဘဝမှာ မှားမှန်းသိတဲ့အမှားတွေဟာ
မနည်းမနောပေါ့ အချစ်ရယ်။
ဒါပေမဲ့လည်း ငါရအောင်မှားခဲ့ပါတယ်။

ဝေးရမှာသိရဲ့ မင်းကိုဆွဲခဲ့တယ်။
ထွက်သွားရင် တစ်ယောက်တည်းပြန်ဖြစ်သွားမှာသိရဲ့
ဘဝထဲခေါ်ခဲ့တယ်။

ငါဟာ ဒီလိုပဲ
ထားခဲ့ခံမှာသိရဲ့

မင်း ကို တော့
ရ အောင် ချစ် ခဲ့ တယ်။

#Meldian
#9oct2021

*****

ေဒစီေတြလည္း ႏြမ္းမွာ။
ႏွင္းဆီေတြလည္း ႏြမ္းမွာ။
လီလီေတြလည္း ႏြမ္းမွာ။

ႏြမ္းမွာသိရဲ့ ရေအာင္စိုက္ျဖစ္ခဲ့။
ခ်ိဳးလိုက္ရင္ ႏြမ္းမွာသိရဲ့ ရေအာင္ခူးျဖစ္ခဲ့။
ဘဝမွာ မွားမွန္းသိတဲ့အမွားေတြဟာ
မနည္းမေနာေပါ့ အခ်စ္ရယ္။
ဒါေပမဲ့လည္း ငါရေအာင္မွားခဲ့ပါတယ္။

ေဝးရမွာသိရဲ့ မင္းကိုဆြဲခဲ့တယ္။
ထြက္သြားရင္ တစ္ေယာက္တည္းျပန္ျဖစ္သြားမွာသိရဲ့
ဘဝထဲေခၚခဲ့တယ္။

ငါဟာ ဒီလိုပဲ
ထားခဲ့ခံမွာသိရဲ့

မင္း ကို ေတာ့
ရ ေအာင္ ခ်စ္ ခဲ့ တယ္။

#Meldian
#9oct2021

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now