"သွားစမ်း... အခန်းထဲမှာသွားနေ... မင်းအစ်ကိုရဲ့ပစ္စည်းတွေ လျှောက်မကိုင်နဲ့နော်"

"ဟုတ်ကဲ့ Omma"

ချာခနဲပြန်လှည့်ပြေးသွားတဲ့ကလေးငယ်ဆီမှာ အမှတ်သညာရော ရှိရဲ့လားလို့တောင် သူမ တွေးနေမိတယ်...။ သူ့ကိုမျက်နှာထားတင်းတင်းနဲ့ ဆူပူတာကိုတောင် ကြောက်ရကောင်းမှန်းသိပုံမရ...။ နေနှင့်ဦးပေါ့... အခုကငယ်သေးလို့ ခဏလွှတ်ထားဦးမယ်...။ သူမရဲ့ခေါင်းထဲမှာတော့ အစီအစဉ်တွေကြိုချထားပြီးသားပါ...။

Jimin သည် Yoongi ထက် ဘယ်တော့မှ မသာစေရ...။ အခွင့်အရေးတန်းတူလည်း မရစေရ...။ နောက်ဆုံးအဆင့် ဖခင်ရဲ့အမွေကိုလည်း Yoongi သာ ရစေရမယ်...။ မယားငယ်ရဲ့သားနဲ့ တန်းတူတန်းညှိလို့ကတော့ သူမ ငြိမ်ခံနေလိမ့်မှာမဟုတ်...။

အတွေးနဲ့အတူ သူမရဲ့အပြုံးတွေက
ပိုမိုတောက်ပသွားခဲ့တယ်...။

~•~•~•~•~•~•~•~•~•~

၂နှစ်တာအချိန်က ခပ်မြန်မြန်ပဲကုန်ဆုံးသွားခဲ့တယ်...။ Appa ကတော့ ထုံးစံအတိုင်း အလုပ်များနေဆဲသာ...။ Jimin သည်လည်း ဒီအိမ်မှာနေသားကျစပြုလာလေပြီ...။ အစပိုင်းကတော့ သူ့အမေကိုသတိရတယ်လို့ ပူဆာတတ်သော်လည်း Omma ရဲ့ဆူပူချိန်းခြောက်မှုကြောင့် နောက်ထပ်ဘယ်တော့မှမမေးတော့ပေ...။

ဒီအတောအတွင်းမှာ Yoongi သိလာရတာက Jimin သည် အမှတ်သညာရှိသော ကလေးတစ်ယောက်ဆိုတာပါပဲ...။ တစ်ခါပြောထားရင်လည်း မှတ်ထားတတ်ပြီး ထိုအတိုင်းလိုက်နာတတ်ပြန်တယ်...။ လိမ္မာသိတတ်လွန်းတယ်လို့ ပြောလို့ရပေမယ့်လည်း Omma ကတော့ သူ့ကိုမြင်တိုင်း သေသွားတဲ့သူ့အမေကို သတိရတယ်ဆိုပြီး သိပ်ကြည့်မရ...။

Yoongi ကလည်း Omma ရဲ့ဆန္ဒအရ သူနဲ့မပတ်သတ်ပဲနေနေရတယ်...။ ပြောသာပြောတာ ဒီအိမ်အကျယ်ကြီးမှာ သူနဲ့ Yoongi ရဲ့တွေ့ချိန်က ညအိပ်ယာဝင်ချိန်လောက်သာ...။ ကလေးမို့ထင်တယ် သူကခပ်စောစောပဲ အိပ်တတ်တယ်...။ Yoongi ကတော့ ဂိမ်းဆော့နေတာကြောင့် အတန်ငယ်ညနက်တယ်...။ Yoongi စိတ်ထင် သူပိန်သွားသလားလို့...။ အရင်လိုမျိုး ပါးဖောင်းဖောင်းလေးတွေ မရှိတော့တာက အရွယ်ရောက်လာလို့တောင် မဖြစ်နိုင်ပါ...။ သူ့အသက်က ခုမှ၇နှစ်ကျော်ရုံလေးလေ...။

Min Jimin (Completed)Место, где живут истории. Откройте их для себя