🅿🅰🆁🆃 ••『22』

Start from the beginning
                                    

ကြားထဲ မှာလည်း စိတ်ဆင်းရဲတဲ့ ဒဏ်ရော အစား မဝင်တဲ့ အတွက်ပါ မူးလဲ လို့ ဆေးခန်း ပြရတာ အခါခါ ။

ရှောင်ကျန့် ဆေးပိုက်တွေ နဲ့ ချိတ်ထားတဲ့
ရိပေါ့် လက်ကို ပါးပြင် ပေါ် ကပ်လိုက်ကာ ။ ခပ်ဖွဖွ နမ်းလိုက်မိသည်။

ရိပေါ် ဆို တာ သူ့အတွက်တော့
တန်ဖိုးဖြတ်မရတဲ့ လူသားတစ်ယောက် ။

" ကိုကို မင်းကို စောင့်နေမှာမို့ အမြန်ဆုံး ကိုကို့ ဆီပြန်လာခဲ့နော် ၊ ချစ်တယ် ကိုကို ရဲ့
ကောင်လေး "

_

ရိပေါ် လက်ကို ဆုပ်ကိုင်ထားတဲ့ သူ့ကို မားက
ကြည့်ကာ

" အားကျန့်... အိမ်မှာ ပြန်နားလိုက်ပါလား ၊
သားဝမ် ကို မားဆက်စောင့် လိုက်မယ်နော် "

" ရတယ် မား၊ ဒီည တော့ သားဘာသာ ဆက်စောင့်လိုက် ပါ့မယ် ၊ မားပြန်နားပါ "

" ဟင်း... ကျန်းမာရေး ထိခိုက်မခံပါနဲ့
အားကျန့် ၊ သား စာမေးပွဲက နီးပြီဆို "

ရှောင်ကျန့် အပြုံးခပ်နုနု ပြုံးပြလိုက်ပြီး

" သား အဆင်ပြေပါတယ် မား ၊ စာတွေ အကုန်ရသွားပါပြီ ၊ ရိပေါ် က သားမရှိရင် ပျင်းနေမှာ"

" ကောင်းပါပြီ ၊ မား မနက်ကျ အကျ ယူလာပေးမယ်နော်"

" ဟုတ်ကဲ့ မား "

သူ့နှဖူးကို အသာလေး နမ်းကာ မားက ပြုံးပြရင်း ထွက်သွားလေသည် ။ ရှောင်ကျန့် ရိပေါ် ဘေးမှာ ပြန်ထိုင်လိုက်ကာ တစ်ယောက်အိပ် ခုတင်စွန်းပေါ် ခေါင်းလေးမှီပြီး လေးလံနေတဲ့ မျက်ခွံတွေကို မှိတ်ချလိုက်သည် ။ သူ့ကိုင်ထားတဲ့ ရိပေါ့် လက်တွေက အနည်းငယ် လှုပ်ရှားလာတာ ကိုတော့ အိပ်မောကျသွား သူမှာ မသိလိုက် ။

_

ရှောင်ကျန့် အိပ်ရာနိုးတော့ မနက်ပင် 8 နာရီ ထိုးနေလေပြီ ။ ညက စောင်းအိပ်ထားတာကြောင့် ဇာတ်ကလည်း နာနေသည်။ ရိပေါ်ကို သန့်ရှင်းရေး လုပ်ပေးကာ သူလည်းမနက်ခင်း နိစ္စဓူဝ အမှု့မှု့ ကို ပြီးစီးတော့မှ မားလာမဲ့အချိန်ကို စောင့်နေလိုက်သည် ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )On viuen les histories. Descobreix ara