🅿🅰🆁🆃 ••『19』

11K 887 51
                                    

" ကိုကိုက အူယားစရာလေး "

[ Unicode]


" ဒီမှာ....ဟေ့လူ.... ခင်ဗျား ကို ခေါ်နေတာ မျက်ခွက်ကို ဟိုဘက်လှည့်မသွား နဲ့ "

ကျီယွမ် သူ့နောက်က တစ်ကောက်ကောက် လိုက်နေတဲ့ ဘဲကြီးကို နောက်လှည့်ကာ ခေါ်လိုက်ခြင်း ။ မသိရင် လူကို သူငယ်နှပ်စားများ မှတ်နေသလား မသိဘူး ၊ တစ်ဖက်လှည့်ပြီး အူကြောင်ကြောင် မျက်နှာပေးနဲ့ သူမသိသလို ပုံဖမ်းနေတာ ။

" ကိုယ့်ကို ပြောတာလား "

သူ့ကိုယ့်သူ လက်ညှိုးထိုးကာ မေးလာတဲ့ ဘဲကြီးကို ထုရိုက်ချင်စိတ် တဖွားဖွား ။

" ဒီနားမှာ ခင်ဗျား နဲ့ ကျနော် အပြင် ဘယ်သူကိုမြင်လို့လဲ "

" ဟင့်အင်း "

" ပြော....ဘာကိစ္စ ကျနော့် နောက်လိုက်နေတာလဲ "

" မင်းနောက်ကို...ကိုယ်မလိုက်ပါဘူး ...ဟို...
ကိုယ့်အိမ်က ဒီနားမှာမို့ "

လိမ်ချင်လည်း လက်ပေါ်က rolex နာရီကြီး ကို ဖြုတ်ပြီးမှသာ လိမ်တော်မူပါ ဘိုးတော်ရေ ။ ဝတ်ထားတဲ့ နာရီမှ အားမနာ ။

"ဪ... ဒီ ရပ်ကွက် လူလတ်တန်းစားတွေ အများဆုံး နေကြတာဗျ ၊ တဆိတ်...ခင်ဗျား လက်ပေါ်က နာရီ နဲ့တင် ဒီက အိမ်တစ်လုံး ဝယ်လို့ရတယ် ဗျ ၊ မသိမှာဆိုးလို့ "

ခပ်ရွဲ့ရွဲ့ ကျီယွမ်ရဲ့ စကားသံကြောင့် ဘဲကြီး မျက်နှာက ပြုံးမယောင် ဖြစ်သွားတာမို့ မျက်စိလျင်တဲ့ ကျီယွမ် မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ပြုံးလိုက်တော့လည်း မဆိုသလောက်လေး ချောပါတယ် ။ ပိစိလေး
ကြည့်ကောင်းတယ်။


" ခင်ဗျား...ကျနော်ကို ဘာကြောင့်နှောင့်ယှက်နေလဲ ကျနော်မသိဘူး ၊ ပြောချင်တာ က ကျနော်နဲ့ ဝေးဝေးနေ.... ခင်ဗျားလို လူနဲ့ မပက်သက်ချင်လို့ "

" ကိုယ့်လိုလူက ဘာဖြစ်နေလို့လဲ ၊
မင်းပြောကြည့် "

ချက်ချင်းတည်သွားတဲ့ ဘဲကြီးမျက်နှာက တစ်ခုခု ကို အလိုမကျနေတဲ့ပုံပင် ။ သူ့ဘာသူ ဘာဖြစ်ဖြစ် ငါနဲ့ ဆိုင်တာကျလို့ ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now