🅿🅰🆁🆃 ••『6』

14.4K 1.1K 27
                                    

" ကိုကိုက တကယ့်ခလေးပေါက်လေးပါဘဲ "

『Unicode』


မြေအောက်ခန်း တံခါးကို သေချာ ပြန်ပိတ်ပြီး အပေါ်တက်လာတော့ တံခါးဝရှေ့မှာ ရပ်နေတဲ့ မာမီကို တွေ့လိုက်ရတယ် ။

" မာမီ... ဘာကိစ္စ ရှိလို့လဲ "

" သားဝမ်.... အားကျန့် ဘယ်မှာလဲ "

" ရှိပါတယ် သူအေးအေးဆေးဆေး အိပ်နေတယ် ။ "

" မာမီကို မလိမ်စမ်းပါနဲ့ ၊ အားကျန့် ကို မင်းမြေအောက်ခန်းထဲ ထပ်ထည့်ထား
ပြန်ပြီလား။  "

" ဒါက သူ့အပြစ်ပဲလေ ။ ကျနော့် စကားနားမထောင်လို့ အပြစ်ပေးတာ ။ မာမီ နဲ့
မဆိုင်ဘူး ။  "

" မင်း....မင်း.... ! !  သားဝမ်....မင်း
ဘယ်လိုလုပ်မှ မာမီ ပြောတာ နားလည်မှာလည်း ။ မင်း အခု လုပ်နေတာ ဘာလည်း သိလား ။ဒီခလေး ကို ညှင်းပန်းနှိပ်စက်နေတာပဲ။သူကြောက်တတ်တာကို သိရဲ့ သားနဲ့ ၊ မာမီပြောတာ နားထောင်ပါ....  အားကျန့်ကို သွားခေါ်ရအောင်နော်.... ။ "

" နှစ်နာရီတည်းပါ ၊ အချိန်ပြည့်တာနဲ့ ကိုကို့ ကို ပြန်ခေါ်လာမှာ ၊ မဆိုင်တာတွေကို သိပ် ဝင်မစွက်ဖက်ပါနဲ့ မာမီ ။ကျနော် ကိုကို့ ကိုခေါ်ပြီး ဘယ်သူမှ မသိတဲ့ နေရာ​ခေါ်သွား
ပြစ်မှာ ။လုပ်ရဲလား မရဲလား တော့
မာမီသိမှာပါ ။  "

သခင်မ ဝမ် သူ့သားကို မနိုင်တော့ပေ ။ ငယ်ငယ်တည်းက ခုချိန်ထိ သူလိုချင်တာကို မရရအောင် ယူတတ်တဲ့ ဉာဏ်ဆိုး လေးက
မပျောက်ပေ ။

အားကျန့် ပေါ် အားနာပေမဲ့ ကိုယ့်သား အကြောင်း ကိုယ်သာ အသိဆုံး ။ တကယ်တမ်းသာ ခေါ်ပြီး ထွက်ပြေးသွားရင်....ရင်ကျိုးရမှာက သူမ ။

စုပ်လည်းစူး..... စားလည်း ရူးပါပဲလား ။

အားကျန့်က ဒီမူမှန်တဲ့ အခြေအနေ တွေကို ရိပ်မိလားမေးရင်....  သေချာပေါက် ဒီခလေး သိမှာ မဟုတ် ။ မသိရတဲ့ အကြောင်းအရင်းက သူမသားတော်မောင် ကြောင့် ။ ခုချိန်ထိ အားကျန့်က ဖုန်းကိုပင် ဖုန်းဆက်ဖို့နဲ့ ဂိမ်းဆော့ဖို့လောက်သာ သိတယ် ။

Weibo တွေ Douyin တွေ ဆိုတာလည်း
မသိ ။ social media ဆိုတာနဲ့လည်း အလှမ်း ကွာလွန်းလှသည် ။

ʙᴇɪɴɢ ᴀ ʙᴏʏꜰʀɪᴇɴᴅ ᴏꜰ ᴍʏ ᴘᴏꜱꜱᴇꜱꜱɪᴠᴇ  ʙʀᴏᴛʜᴇʀ ( ᴄᴏᴍᴘʟᴇᴛᴇᴅ )Where stories live. Discover now