1

2.7K 68 14
                                    

'ဂျလိန်း!!!!!!!'

မိုးကောင်းကင်ပေါ်မှမိုးခြိမ်းသံနှင့်အတူကလေးတစ်ယောက်၏ငိုသံပေါ်လာခဲ့သည်။

'အုဝဲ အုဝဲ'

"အေးအေး တိတ်ပါကွယ်"

"တိတ်တော့နော်"

ထိုကလေးရဲ့အမည်ကတော့မိုးသားတိမ်စိုင်.....
မိုးသားအဖေကတော့မိုးသားကိုဝန်၆လကတည်းကပိုးထိ၍ဆုံးလေပြီ။

"အေးမြ ဟဲ့အေးမြ"

ဒေါ်အေးမြဆိုသူကတော့မိုးသား၏အမေဖြစ်ပေသည်။

"အေးမြဆုံးရှာပြီ"

"ကလေးရယ်မင်းကံကဆိုးလိုက်တာ"

မိုးသား၏အမေဆုံးတော့မိုးသားအားဒေါ်အေးမြ၏အမဒေါ်အေးလှကမွေးစားလေသည်။

ယခုဆိုလျှင်မိုးသားအသက်၆နှစ်ရှိနေပြီ။ကျောင်းမထားရသေး၊မိုးသားဟာအရွယ်နှင့်မလိုက်အောင်ပင်ပန်းသည်။ဒေါ်အေးလှသူ့တူအားကြည့်ကာသနားနေမိသည်။

"ကြီးကြီး သားရေခပ်ပြီးပြီ"

"သွားဆော့တော့မယ်"

"အေးအေး အရမ်းမပြေးနဲ့နော်"

ယခုဆိုရင်သူတို့မိသားစုစားဝတ်နေရေးကျပ်တည်းလာပြီ။ရှေ့လျောက်မိုးသားကကျောင်းနေရအုံးမည်။ဟူး...ရှေ့လျောက်ဘယ်စခန်းကိုဘယ်လိုသွားရပ့မလဲ။

///////////////

'ခွမ်း!!!!!!'

"စောက်သုံးကိုမကျဘူး ဒီဟင်းလေးတောင်ကောင်းအောင်မချက်တတ်ကြဘူးလား"

"ဟမ်"

"ညီညီရယ်ဖြေးဖြေးပြောမှပေါ့"

"အကိုဝင်မပါနဲ့"

ဒါကတော့သတိုးအိမ်တော်ရဲ့သားအငယ်ဆုံးလေးဖြစ်ပေသည်။မိဘတွေကအလိုလိုက်ထား၍ဆိုးသွမ်းနေခြင်း။သူ့အသက်၈နှစ်နှင့်မလိုက်အောင်ဆိုးလှသည်။သူ့အကိုသတိုးမြင့်မြတ်ဟိန်းနှင့်တော့မတူ။မြင့်မြတ်ဟိန်းကသဘောကောင်းသည်။ယဥ်ကျေးသည်။ဧကရဇ်ထက်၃နှစ်သာကြီးသည်။
မိဘတွေကအမေရိကားမှာရှိပြီးအဖွားဖြစ်သူနှင့်သာအတူနေကြသည်။

"မြေးငယ်လေးမကြိုက်ရင်ဖွားဖွားကပြန်လဲပေးမှာပေါ့နော်"

"ကဲကဲသိမ်းလိုက်ကြတော့"

'ကလင် ကလင်'

ဧည့်ခန်းထဲမှတခွမ်ခွမ်မြည်နေသောဖုန်းအားဒေါ်သက်မာလာသွားကိုင်လိုက်သည်။

"ဟယ်လိုအမေနေကောင်းလား"

"ကောင်းပါတယ်ကွယ်"

အမေရိကားမှနေဖုန်းလှမ်းဆက်ကြနေတာကတော့သတိုး ကုမဏ္ဏီရဲ့ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ဦးသတိုးမင်းခေါင်နဲ့ရတနာရွှေဆိုင်ပေါင်းများစွာကိုဖွင့်လှစ်ထားတဲ့ဒေါ်ထိပ်တင်ထားတို့ဖြစ်ပေသည်။

"အမေသားတို့ရော"

"ရှိပ့တော် ရှိပ့"

"သားတို့ရေမင်းတို့အဖေနဲ့အမေ"

"ဟယ်လို မေမေ"

"သားငယ်လေးမေမေတို့နောက်တစ်ပတ်ကြရင်ကြန်လာတော့မယ်"

"ဟာတကယ်နော်"

"တကယ်ပေါ့ သားတို့ဘာမှာအုံးမလဲ"

"မမှာတော့ပါဘူးမေမေရယ် မြန်မြန်ပြန်လာနော်"

"အေးပါကွယ် သားငယ်လေးအရင်လိုဆိုးသေးလား"

"ဆိုးတယ်မေမေရေ မေမေ့သားကပြောမရဘူး"

"ဟာကိုကြီးကလဲ"

"ကဲဟုပါပြီကွယ် ဖုန်းချတော့မယ်နော်"

"ဟုတ်"

ရှေ့တစ်ပတ်ဆိုလျှင်ဒေါ်ထိပ်တင်ထားတို့ပြန်လာကြတော့မည်။

//////////

"သား မိုးသားရေထမင်းစားမယ်"

မိုးသားတို့နေ့လည်စာကတော့ငါးပိရည်သာဖြစ်သည်။မိုးသားဘဝမှာကိုမစားချင်တဲ့ဟာကိုလဲစားရသည်။ငြင်းခွင့်မရှိ။

"ဟုတ် လာပြီကြီးကြီး"

"ဒီနေ့တော့ဒါနဲ့ပဲစားနော်သား"

"ဟုပ်သားကရပါတယ်"

"လိမ္မာလိုက်တာသားလေးက"

ဒီလိုချစ်စရာကောင်းပြီးလိမ္မာတဲ့ကလေးကိုသူများအိမ်ပေးဖြစ်ရမှာအရမ်းနှမြောဖို့ကောင်းလိုက်တာ

မျှော်.......

သခင်လေးရဲ့စေလိုရာWhere stories live. Discover now