System ၏ အသံကြားမှသာ ကိုယ့်ကိုကိုယ် သတိရတော့သည်..။
ပိုဆိုးသည်က System နဲ့ပါ အဆက်အသွယ် ပြတ်သွားခြင်း...။
'လူစီးရပ်စ်! ခင်ဗျား သိပ်ဆိုး လွန်းတယ်!'*
"မင်း အဆင်ပြေလား?"
Sev ရဲ့ အသံကြောင့် အတွေး စ များက ဆေးဗားရပ်စ်ဆီသို့ ရောက်လာလေသည်..။
"ဟင်...အွန်း!အဆင်ပြေပါတယ်!ငါ နည်းနည်း လေး ခေါင်းမူးနေရုံပါ"
"ခေါင်းမူးတာလား? မဒမ် ပွန် ဖ ရေ ဆီ သွားရအောင်"
ခေါင်းမူးသည် ဟု ဆိုတာနဲ့ ကျောင်းဆေးခန်း ကို လက်ဆွဲခေါ်နေသော Sev မှာလည်း လူစီးရပ်စ် ကို ဘယ်လောက် စိတ်ပူနေကြောင်း ပေါ်လွင်နေလေသည်..။
'ဟူး...ကြားထဲမှာတော့ ငါက မြေစာပင် ဖြစ်တော့မယ်'*
ထိုသည်ကား အဲလစ်စ်၏ စိတ်ထဲတွင် ပြောလိုက်မိသော စကား တစ်ခွန်း....။
ထို့နောက်တော့ လူစီးရပ်စ် တဖြစ်လဲ အဲလစ်စ်သည် ဆေးဗားရပ်စ် ၏ နောက်သို့ ရက်ကန် ရက်ကန် ဖြင့် ပါသွားလေတော့ သတည်း...။
______________________
"ဟူး..အစုတ်ပလုတ်.. မာလ်ဖွိုင်း!!"
စလေသရင်း အဆောင် လမ်းကနေ ဒေါသ အငွေ့ပျံပြီး ပွစိပွစိနဲ့ ပြန်လာလေသော ဂရင်းဖင်းဒေါ ကောင်လေး တစ်ယောက်...
ထိုသည်ကား ဟယ်ရီ ပေါ်တာ....။
"ဟယ်ရီ!"
နောက် က ခေါ်သံကြား၍ လှည့်ကြည့်မိတော့ ရွန် နဲ့
ဟာ မွန် နီ ဖြစ်နေသည်...။"မင်း ကို လိုက်ရှာနေတာ..မနက်ပိုင်း စာသင်ချိန် ပြီးကတည်းက မတွေ့တော့လို့!"
ရွန်က ဟယ်ရီ့ကို ကြည့်ပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြနေသော်လည်း ဟာမွန် နီ ကတော့ ဟယ်ရီ့ကို သေချာကြည့်ပြီး အကဲခတ် နေဟန်...
"နင် မာလ် ဖွိုင်း နဲ့ ရန်ဖြစ်လာတာလား?"
ထိုသည်မှာ ဟာ မွန် နီ ၏ ခန့်မှန်းစကား....ထုံးစံအတိုင်း မှန်နေစမြဲ ပေါ့...။
"အေး!ငါ အဲ့ကောင် အကြောင်း မပြောချင်သေးဘူး!"
ဟယ်ရီ ၏ စကားကြောင့် ဟာ မွန် နီ နဲ့ ရွန် တို့လည်း ဘာမှ ဆက်မမေးတော့ဘဲ သုံးယောက်သား ပုခုံးချင်း ယှဉ်ကာ အဆောင် သို့ ပြန်လာခဲ့တော့သည်... ။