အပိုင်း (17)

En başından başla
                                    

  အစေခံတွေ က ချက်ချင်း အခြေအနေ ကို ပြောင်းပြန် လှန်လိုက်တဲ့ ချန်ဖေး ကို လက်ခုပ်တီးပြီး အားပေး လိုက်တယ်။

ဝါး.....နန်းတော်မှာ နေရ တာပြောစရာကြီးပဲ... ကြည့်စမ်း...။

ဧကရာဇ် ကလည်း အငို မင်းသားလေး.... အခုကျ ပြန်တော့ ပန်းလေး လိုလှ တဲ့ ချန်ဖေး က လဲ ငိုနေ ပြန်ပြီ...။

ဖရဲစေ့တွေ ၊ ဖရုံစေ့တွေ သာ ရောင်းပြီး  ဒီ' ကိုယ်လုပ်တော် ၂ ပါး ရဲ့ အားပြိုင်ပွဲ' ဆိုပြီး ပြဇာတ် ခင်း လိုက် လို့ကတော့ သူတို့ ဧကရီ အမြတ်တွေ ရလောက်တယ်။

  ရှန်းယုဟာ အလှလေး မျက်ရည်ကျ တော့မှာကို တွေ့တော့ ရင်ထဲ နာသွားလေတယ်။ ဒါကြောင့်ပဲ မျက်နှာလေး ကို ကိုင်ကာ မျက်ခွံလေး ပေါ်နမ်းရင် အုံဖွ လို့ လုပ်ပေး လိုက်တယ်။

သေချာတာ ပေါ့.... ပေါက်ကွဲတော့မယ့် မီးတောင်လိုမျိုး ဧကရာဇ် ကို ဖယ် ထား လိုက်ရင်တော့ အရမ်းကို လှပတဲ့ မြင်ကွင်းလေး ပဲ ဖြစ်တယ်။ ထိုအချိန် မှာ ဟင်းရည် ကို မမှုတ်ပဲ သောက်လိုက်တဲ့ ဧကရာဇ်လေး ကတော့ လျှာကျက်သွားပြီး ငိုပြန်တယ်။

  မနက်ကတည်းက ငိုနေတာကြောင့် သူမမောင်လေး ရေဓာတ်ကုန်ဆုံးပြီး သေမှာ ကို ရှန်းလု ကြောက်တာကြောင့် ရေတွေ ကောဖျော်ရည်တွေ ပါ အတင်းတိုက်တော့တယ်။ ဒါပြီး မှပဲ ဧကရာဇ် ကို ညီလာခံ ဆီ လွှတ် လိုက်တော့တယ်။

  ခဏနေတော့ ချန်ဖေး ကို ရေချိုးပေးပြီး ပြန်သိပ်ကာ ဝမ်ကူ ကို ဆင့်ခေါ် လိုက်တော့တယ်။

ဝမ်ကူ ရောက်လာတဲ့ အချိန် မှာ  ဧကရီက လူတွေ အကုန်လုံး ကို အပြင် ထုတ် လိုက်ပြီးတော့ ဝမ်ကူ နဲ့ ၂ ယောက်ထဲ ပြောဖို့ လုပ်လိုက်တယ်။

" ဧကရီ....ဒီအစေခံက.... ဧကရာဇ် ကို ဆေးခတ် ခဲ့ပါတယ်....''

  တော်ဝင် မျိုးနွယ်တွေ ဖြစ်တဲ့ ကလေးတွေ က ချီယန်ကျန်းကျွင်း အကြောင်း ကို သိကြတယ်။ အမှားလုပ်ရဲ ရင် ဝန်ခံ ရဲ ရမယ်...မဟုတ်ရင် ဝမ်းကွဲ အမတော် က ဆုတ်ဖြဲ ပြီး နင်းချေ ပြစ် လိမ့်မယ်။
ဒါကြောင့် ဝမ်ကူက သူမ လုပ်ခဲ့တာ ကို  ချက်ချင်း ဝန်ခံ လိုက်တာ ပဲ ဖြစ်လေတယ်။ ဝမ်းကွဲ အမက သူမ ကိုတော့ သက်ညှာပေး လောက်ပါတယ်နော်...။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Hikayelerin yaşadığı yer. Şimdi keşfedin