Chapter Twenty-eight: : Let Her Go

Start from the beginning
                                    

 
သန့်ဇင်ကို၏ အဖိုးဖြစ်သူသည် လွန်ခဲ့သော ၆လခန့်က လူကြီးရောဂါနှင့်ပင် ဆုံးပါးခဲ့လေပြီ ။

ထိုအခါ သန့်ဇင်ကိုသည် အိမ်၌ တစ်ဦးထည်းသော ယောကျာ်းလေးဖြစ်၍ အိမ်ထောင်ဦးစီး နေရာသို့ အလိုအလျောက် ရောက်ရှိသွားသည်။

သူရေလောင်းနေသည့် အချိန်တင် ခြံဝန်းအနောက်သို့ ညီမလေးက အပြေးဝင်လာပြီး သူ့အား အရေးတကြီး လှမ်းခေါ်လေသည်။

“အကိုကြီး...အကိုကြီး”

“ဟေ....ဘာလဲဟ ၊ အမောတကောနဲ့”

“ဆိုင်မှာ အလုပ်လာအပ်တဲ့သူရောက်လာလို့...အကိုကြီးကို လာခေါ်တာ...ဟောဟဲ”

“မင်္ဂလာ နံနက်ခင်းပါလား ၊ ၈နာရီဆိုင်ဖွင့်ခါစပဲရှိသေးတယ်...ဟေဟေ့”

“ဟာ...အကိုကြီးကလည်း မြန်မြန်လာပါဆို”

“အေး..အငယ်မ.. ဟိုနားက ရေခေါင်းကို ပိတ်ခဲ့ဦးနော်”

“ဟုတ်...ဟုတ်”

 
သန့်ဇင်ကိုသည် လွန်ခဲ့သော ၆လခန့်က အဖိုးဆုံးသည့် အချိန်တွင် ကုမ္ပဏီအလုပ်မှ ထွက်လာခဲ့ပြီး ပြင်ဦးလွင်သို့ ပြန်လာခဲ့သည်။

အမေဖြစ်သူကလည်း နှလုံးရောဂါ အခံရှိ၍ အနီးကပ်ပြုစုပေးရန်အတွက် လူလိုလေသည်။

ညီမလေးက အိမ်တွင် ရှိသော်လည်း ဆယ်ကျော်သက်တို့ ထုံးစံအတိုင်း လေလေတေတေနှင့် ဖုန်းပဲပွတ်နေသဖြင့် အလုပ်ခိုင်း၍ သိပ်မကောင်းချေ။

ရန်ကုန်ရှိ ကုမ္ပဏီအလုပ်တွင် တစ်လ ငါးသိန်းခန့် ဝင်နေပြီဖြစ်သော်လည်း ဒီထက်လစာပိုတိုးရန်အတွက် အချိန်အကြာကြီး ရင်းနှီးရမည့်အပြင် အိမ်နှင့်လည်း ဝေးနေသောကြောင့် အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။

အိမ်သို့ ပြန်ရောက်သောအခါတွင် အလုပ်မှစုလာခဲ့သော ပိုက်ဆံအနည်းငယ်နှင့် အမေ့ဆီမှ အရင်းအနှီးအနည်းငယ်ကိုတောင်းပြီး မိတ္တူဆိုင် အသေးလေး ​ဖွင့်ထားသည်။

မိတ္တူဆိုင်ဟုသာ ခေါင်းစဥ်တပ်ထားသော်လည်း သန့်ဇင်ကိုသည် ကွန်ပျူတာနှင့် စပ်ဆက်သည့် Service မျိုးစုံကို လုပ်ပေးလေသည်။

When we were young Where stories live. Discover now