~First Broken of the First Love~

Start from the beginning
                                    

Jenoကအရင်ကလဲကောင်မလေးတွေနဲ့အထပ်ထပ်အခါခါတွဲဖူးတဲ့လူ။တစ်နည်းပြောရင် ကောင်မလေးအရမ်းပွေတဲ့လူပေါ့။မိန်းကလေးတွေဆိုတာလဲ သူ မိန်းကလေးရှုပ်
တာသိရက်နဲ့ကို သူ့နားကပ်ကြတာ။

တစ်ချို့ကလဲjenoရဲ့ပစ္စည်းဥစ္စာတွေကိုကြိုက်လို့ တစ်ချို့
ကလဲjenoနဲ့တွဲရင် နာမည်ကြီးလာကျလို့အမျိုးမျိုးပေါ့
အဓိကကတော့အဲ့နှစ်ခုပေါ့။

သူတို့ကအဲ့လိုကြောင့်တွဲသလိုJenoကလဲသူတို့ကိုအပျော်
သက်သက်သာတွဲရုံပါဘဲ။သူတွဲတဲ့မိန်းကလေးတစ်ယောက်က၂လထက်မကျော်ပါဘူး။

ဒါပေမယ့်ကျွန်တော်နဲ့တစ်နှစ်ကျော်ကြာခဲ့လို့လူတကာကအကုန်အံဩနေကြတာ။ကျွန်တော်လဲအပါအဝင်ပေါ့။
ခုနမိန်းကလေးတွေလိုသူကလူရှုပ်မှန်းသိရက်နဲ့အရမ်းသဘောကျခဲ့တာ။ဒါပေမယ့်ကျွန်တော်သဘောကျတာရိုးရိုး
သားသားပါ။သူတို့လိုစိတ်မျိုးနဲ့တော့မဟုတ်ဘူး။

ကျွန်တော်သူ့ကိုသဘောကျနေတယ်ဆိုတာသိခဲ့ရတာသုံးနှစ်လောက်ရှိဘီ။ကျွန်တော်သဘောကျနေတယ်ဆိုတဲ့အကြောင်းသူသိသွားတော့ "တွဲရအောင်" ဆိုပီးကျွန်တော်
တို့စတွဲဖြစ်ခဲ့ကြတာ။

အဲ့လိုပါဘဲကျွန်တော်တို့ဇာတ်လမ်းကသူများအတွဲတွေလို
"ငါမင်းကိုချစ်တယ် ငါ့ကိုစဉ်းစားပေးလို့ရမလား" ဘာညာနဲ့စခဲ့တဲ့ဇာတ်လမ်းမဟုတ်ဘူး။သူ့ဘက်ကတွဲရအောင်ဆိုပီးစပြောတော့ကျွန်တော့်ဘက်ကလဲအင်းဆိုပီးချက်ချင်းလက်ခံလိုက်တာ။

ချက်ချင်းဆိုပေမယ့်သူကတော့ဘယ်လိုမှမနေပေမယ့်သုံး
နှစ်လောက်ကြိုက်ခဲ့ရတဲ့ကျွန်တော်ကပျော်တာပေါ့။ဒီတစ်သက်ကိုယ့်ဘက်ကပဲကြိုက်သွားရတော့မယ်ထင်ခဲ့တာလေ။ဘယ်သူမဆို ကိုယ်ကြိုက်နေတဲ့လူကကိုယ်နဲ့တွဲဖို့လာပြောရင် ငြင်းကြမှာလား။

အခုတော့ သူ့ဘက်ကစတွဲမယ်ပြောတဲ့ဇာတ်လမ်း သူ့ဘက်ကအရင်ဆုံးအဆုံးသတ်သွားဘီ။ကျွန်တော်တောင်ကြာကြာမစဉ်းစားလိုက်နိုင်ဘဲအဖြေတစ်ခုကိုတန်းပေးမိလိုက်တာကျွန်တော်မှားသွားဘီ။ကျွန်တော်သူ့ကိုဆွဲထားသင့်တာ။

အကြောင်းပြချက်တစ်ခုခုကိုသေသေချာချာတောင်းသင့်တာ။သူ့မှာyuraရှိနေတယ်ဆိုတာလဲကျွန်တော်သိပီးသား
ဒါပေမယ့်ကျွန်တော်ဘာမှမပြောခဲ့ဘူးနှစ်လဆိုတဲ့အချိန်
ကုန်သွားရင်အရင်လိုပါဘဲဆိုပီးကျွန်တော်သည်းခံခဲ့တာ။

-DARK BLUE KISS-Where stories live. Discover now