14▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-8»»»

Start from the beginning
                                    

"ဟုတ်ကဲ့ပါ"

"ပြီးတော့... မင်းရည်းစားနဲ့တွေ့နေတာကိုရပ်ပါ...၊ ကိုယ်ဒီလောက်ပဲပြောမယ်"

"Nae..."

သူဒီလောက်နဲ့ပဲစကားရပ်ကာကားကိုအရှိန်မြှင့်လိုက်သည်။
.
.
.

ဝတ်စုံတွေတခုပြီးတခု ဝတ်နေရတာသူမတော်တော်ပင်ပန်းနေပြီ ဒါတောင်အဲ့လူကြီးကအခုထိမကြိုက်နိုင်သေးဘူး...၊မသိရင်သူဝတ်မယ့်ဝတ်စုံကျနေတာပဲ သူမဝတ်ရတိုင်းတမင်ညှင်းဆဲနေတာ ခုနကကိစ္စမကျေနပ်လို့ လုပ်နေသလားထင်ရတယ်...၊တကယ့် လူယုတ်မာကြီး...။

'နှုတ်ခမ်းထော်ပြီးမျက်နှာဆူပုတ်နေတဲ့သူမကကိုယ့်ကိုကျိန်ဆဲနေမှာမလွဲ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ သူမကဘာဝတ်တတ်လှနေတော့ရွေးရအခက်သား အဲ့နေ့ သူမကအလှဆုံးသတို့သမီးလေးဖြစ်နေစေရမယ်'

"CEOရှင့် ဒီဝတ်စုံလေးမလှဘူးလား"

'ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေတုန်း ဝန်ထမ်းလေးတွေလှမ်းပြောမှသူမကိုကြည့်မိတယ်။

လှတယ်... လှတာထက်ပိုတယ်... မဟုတ်ဘူး အလှဆုံးပဲ...ကိုယ့်မိန်းကလေး ။
ဖြူစင်လိုက်တာကလေးလေးရယ် ကိုယ်မင်းကိုအရမ်းချစ်နေမိပြီ...။

"ကလေးကြိုက်လားဟင် ကိုယ်ကတော့အရမ်းသဘောကျတယ်"

"မကြိုက်ဘူး"

"လှပါတယ် မမလေးရဲ့ ဒီဝတ်စုံကတော်ရုံလူနဲ့လိုက်တာမဟုတ်ဘူး မမလေးနဲ့တကယ်ကိုလိုက်တာ"

"နာအွန်းမကြိုက်ရင်လည်းနောက်တစ်စုံ..."

"တော်ပြီတော်ပြီ ဒါပဲယူလိုက်တော့မယ်"

'မဟုတ်လည်းကိုယ်ပဲထပ်ပင်ပန်းအုံးမယ် အား....စိတ်တိုလိုက်တာ'

'အဟင်း ကြိုက်ရဲ့သားနဲ့ကိုယ့်ကိုဂလန်ဂဆန်လုပ်ချင်လို့တမင်အရွဲ့တိုက်နေမှန်းသိသားပဲ... ကလေးဆိုးလေး'

"ကျွန်တော်တို့ကိုစကားခဏလောက်ပြောခွင့်ပေးပါ"

သူချောင်းဟန့်လိုက်ကာခွင့်တောင်းလိုက်သည်။ ဆိုင်ဝန်ထမ်းကောင်မလေးတွေကတော့ပြုံးစိပြုံးစိနဲ့ထွက်သွားကြသည်...။အခန်းထဲမှာသူနဲ့သူမနှစ်ယောက်ပဲကျန်ခဲ့တော့သည်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now