နံနက်ခင်းလေ့ကျင့်ခန်း အခြေခံအကြောလျှော့ခြင်းများ ပြီးစီးပြီးနောက် ဆရာမက လူတိုင်းကို အဖွဲ့များခွဲခိုင်းခဲ့သည်။

ထိုအချိန်ထိ ဆရာမက သူ့ကိုဘာကြောင့်များ မိန်းကလေးအဖွဲ့ထဲသို့ ထည့်ပေးခဲ့သည်ကို ရှန်းချိုက်နားမလည်သေးပေ။

အဖြေမှာ သူတို့အတန်းထဲရှိ ယောက်ျားလေးတွေအားလုံးမှာ တောင့်တင်းလွန်းနေကြခြင်းပင်။

ယောင်္ကျားလေး ၁၄ ယောက်ထဲတွင် တစ်ဝက်လောက်မှာ သူတို့၏တင်ပါးဆုံများကို လွဲမှားစွာကားထားကြပြီး ရေပြင်ညီအတိုင်းကားရခြင်းတွင် ၁၅၀ ဒီဂရီလောက်အထိတောင် ချဲလို့မရကြပေ။

သူတို့က " ဟင့်" ခနဲ အသံထွက်လာပြီး " ဟူး" ဆို၍အသံဆုံးကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ​ကြမ်းပြင်နှင့် ထိကြရ၏။

ရှန်းချိုက် : " ... "

ချီကျိနှင့်သူသည် တစ်အုပ်စုတည်းဖြစ်သည်။ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမ၏ပျော့ပြောင်းမှုက ရှန်းချိုက်လောက်တောင် မရှိပေ။ ခြေထောက်နှစ်ချောင်းကို ချဲရာတွင် အလွန်တွန့်ဆုတ်နေပြီး သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်နှင့် လုံးဝမထိနိုင်ပေ။

သူမ အကူအညီလိုသေးလားဟု ရှန်းချိုက်မေးလိုက်သည်။

ချီကျိကလည်း မျက်နှာလေးနီမြန်းပြီး မလိုပါဘူးဟု ပြန်ပြော၏။

သို့သော် ရှန်းချိုက်ကတော့ ထရပ်ပြီး သူမနောက်တွင် ဒူးထောက်ထိုင်လိုက်ကာ သူ့လက်နှစ်ဖက်ကို သူကိုယ်တိုင် အရင်ပွတ်နေလိုက်ပြီး နွေးထွေးလာသော လက်ဖဝါးများကို သူမကျောပေါ် ကပ်ပေးလိုက်၏။

ချီကျိ၏ကျောပြင်သည် ချက်ချင်းကို တင်းကျပ်လာလေသည်။

" စိတ်ကိုလျှော့ထားလေ. . . မင်းဘာလို့ ဒီလောက်ထိ တောင့်တင်းနေရတာလဲ??"

ငယ်စဉ်ကတည်းက ကခုန်ခဲ့သော သူကဲ့သို့ယောက်ျားလေးများသည် ယောက်ျားလေးနှင့်မိန်းကလေးအကြား ခွဲခြားထားသည့် ခိုင်မာသောအယူအဆများ မရှိခဲ့ပေ။ အကလေ့ကျင့်သည့်အခါ မိန်းကလေးများက ကျောပြောင်အ၀တ်များ၀တ်ရန်လိုအပ်ပြီး ယောက်ျားလေးများသည်တော့ တင်းကျပ်သောဘောင်းဘီများ ၀တ်ဆင်ကြရကာ သူတို့၏ ခန္ဓာကိုယ်ပြောင်းလဲမှုများအားလုံးကိုလည်း သိသာထင်ရှားစွာ မြင်နိုင်ပေသည်။ အတူတွဲကဖော်တစ်ဦးနှင့် ကခုန်ရသောအခါ အချင်းချင်း၏ခန္ဓာကိုယ်များသည် သဘာဝအတိုင်း အတူတကွပူးကပ်နေရပြီး ပြင်းထန်သောအကစည်းချက်များအကြား ရှက်ကြောက်နေစရာ မလိုပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now