လူကဖြင့် နို့နံ့တောင် မစင်သေးဘူး...စကားပြောတာက သူ့ကိုယ်သူ ကုမ္မဏီက သူဋ္ဌေး ဆိုဒ် ကြီးနဲ့....။

"Harry!ဘာလို့ ရယ် နေတာလဲ?"

သူ့ကို ကြည့်ကာ ပြုံးနေသော ပေါက်စ၏ အပြုံးလေးက ချစ်စရာ..။

"မဟုတ်ပါဘူး...ဒီလိုပဲ!ဒါနဲ့ ငါအချိန် လာမေးတာ"

"အချိန်?"

"ဟို....မင်းနဲ့ငါနဲ့ dating အချိန်လေ"

Harry မှာ အရိပ်အကဲ မသိတဲ့ Draco ကြောင့် ရှက်လည်းရှက် ၊ ပြောကလည်း ပြောချင်...။

မနေ့က "မင်းနဲ့ date မယ်လို့!!" ဆိုပြီး အကျယ်ကြီး အော်ပြောမိလို့ ရှက်ရှက်နဲ့ အဲ့နေရာကနေ ပြေးထွက်လာခဲ့တာ...။

အဆောင်ရောက်တော့မှ စဉ်းစားမိတယ်...
ဘယ်နေရာမှာ date မလဲ မသိ...။
ဘယ်အချိန်မှာ date မှာလဲ လည်း မသိ...။

သူ ပဲ လာမေးမလား ဆိုပြီး စောင့်နေတာ ပေါ်ကို မလာတာနဲ့ ကိုယ်ပဲ အောက်ကျခံပြီး လာမေးရတယ်...။

နဂိုကတည်းက စိတ်က သိပ်ရှည်တာ မဟုတ်ဘူးနော်..

တစ်မိုးအောက် ပေါ်တာ တဲ့ကွ...

ဟင်း...ဟင်း...ဟင်း....။

"အော်!အဲဒါက ငါစဉ်းစားထားတာကလေ.... "

"အေး...ပြော!"

Draco ပြောမယ့် စကားကို Harry လည်း သေချာနားထောင် နေမိသည် ...။

သူများ သားသမီးကို date မလား' လို့ မေးရင် ကြိုတင် အကွက်ချ ထားတာမျိုးတော့ ရှိရမယ် မလား..။

"ဟို.....လေ.....
.
.
.
.
.
.
.ငါ့အဖေနဲ့တိုင်ပင်ရဦးမယ်!"

ချီး....*

Draco ရဲ့ စကားကြောင့် ဟယ်ရီ့စိတ်ထဲမှာ ကျိန်ဆဲမိလိုက်ခြင်း..။

ဘာတဲ့....ငါ့အဖေနဲ့ တိုင်ပင်ရဦးမယ်တဲ့...အာ့ဆို အစကတည်းက ဘာလို့ လာပြောနေသေးလဲ? သေနာကောင်ရဲ့..!!*

"ဘာ!အဲ့တော့ မင်းအဖေရဲ့ ခွင့်ပြုမိန့်ရမှ
ငါနဲ့ Date မယ်ပေါ့..!
အဲ့လိုဆိုလည်း ဘာကိစ္စ ငါ့ကို လာပြောနေသေးလဲ?
ငါ့မှာလေ...မင်းနဲ့ date ရတော့မယ် ဆိုပြီး ဘယ်လောက်တောင် ပျော်နေလိုက်ရလဲ?..."

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Donde viven las historias. Descúbrelo ahora