အပိုင်း(15)

Start from the beginning
                                    

မနက်နိုးလာတဲ့ အခါ လီယု ရဲ့ နှာခေါင်း ထဲကို အမွှေးနံ့ ခပ်ပြင်းပြင်း တစ်ခုက ဝင်လာတာမို့ မျက်မှောင်ကြုတ် မိသွား လေတယ်။ သူ့အမတော် က ဒီလို အနံ့တွေ သုံးတက်တဲ့ သူ မဟုတ်ပါဘူး ။ ဘာလို့ ဒီအနံ့ က ရနေ ရတာတုံး။

   သူမျက်လုံး ဖွင့်ကြည့်တဲ့ အခါ ပန်းရောင် တွေနဲ့ပဲ ပြည့်နေတဲ့ အခန်း ထဲ ကို ရောက်နေ တာတွေ့ လိုက်ရတယ်။ သူ့အမတော်က ဒီလို အရောင် ကို အရမ်းမုန်းတာ မှန်း သူသိတယ်။ ဒါဆို အခု သူက ဘယ်သူ့နေရာ ကိုရောက်နေတာလဲ....။ ဘေးက နေရာကို လှည့်ကြည့် လိုက်တော့ အဝတ်ဗလာ နဲ့ အိပ်နေတဲ့ ဝမ်ကူ ကို တွေ့သွားလေတယ်။

   သူမနေ့ည က ဝမ်ကူ ဆီ လာပြီး လက်ဆောင်တွေ လာပေးတယ်။ ပြီးတော့ ပူလာပြီး မေ့လဲ သွားတယ်။ ဒါပေမယ့် ဘောက်မဲ့ကြောင့် သူတို့ ၂ ယောက်လုံး က အဝတ်မဲ့ နေကြတာတုံး....။ မနေ့ညက သူမေ့မလဲ ခင် ဘယ်သူ့ကို မှ ဘာမှ မလုပ်ခဲ့ ဘူး ဆိုတာ ကို ကိုယ့်ကိုယ် ကို သေချာ သိလေတယ်။
ဒါဆို ဒီအိပ်ယာပေါ် က အခြေအနေ က ဘယ်လို ဖြစ်ရတာလဲ။

   မျက်မှောင်ကြုတ် ပြီး ခဏလောက် စဥ်းစား ပြီးတဲ့နောက်မှာ မနေ့က ခိုးဖက် ခဲ့တဲ့ ' ကြီးမြတ်သော ဧကရာဇ်' စာစောင် ထဲက ဇာတ်ကွက် တစ်ခု ကို အမှတ် ရသွားလေတယ်။အဲ့ထဲမှာ ဘုရင်ရဲ့ နှစ်သက် ခြင်းမခံ ရတဲ့ ကိုယ်လုပ်တော် တစ်ယောက် ဟာ ဆေးခပ်ပြီး ကလေး ရတဲ့ ဇာကွက်ပဲ ဖြစ်လေတယ် ။

အော် ကလေး...ရဖို့ကိုး...။

ဘာ.........ကလေး....ရဖို့...တဲ့....။

ဝူးဝူး.......ကြီးမြတ်လှတဲ့ ငါလေး က မသန့်ရှင်းတော့ ဘူးပေါ့.......။

နေပါအုံး....ကျန်းက အပေါ်ကမလား....။

တော်သေးတာပေါ့.....။

ဒါပေမယ့် ဧကရာဇ် ကိုတောင် ဆေးခပ်ရဲ ရင် နောက်ဆို အဆိပ်ပါ ခပ်မလားပဲ။

ဟမ့်....သူ လုံးဝ မကျေနပ်ဘူး...ပြီးတော့ အခုတလော ဦးရီးတော် ဘက်က လှုပ်ရှား မှုတွေ မမှန်ဘူး ဆိုတာ ကို သူသိတယ်။

ဧကရာဇ်ဟာ တိတ်တိတ်လေး ထပြီး  အဝတ်အစားတွေ ပြန်ဝတ်ကာ ဒေါသတကြီး နဲ့ ထွက်သွားလေတယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now