Chapter Twenty-Six: : We Are Missing Each Other

Start from the beginning
                                    

သန့်ဇင်ကိုသည် သူ၏အတ္တများကို ချွတ်ပြီး သူမဖက်က တွေးကြည့်သော အခါတွင်လည်း ဒီပြဿနာမှာ ဖုံးကွယ်ထားသည့် သူ့အမှားကြောင့် ဖြစ်ရသည်ဟု နောင်တရစွာ တွေးမိပြန်သည်။

ဒီလိုတွေးမိတော့လည်း သူမရှိသည့် မန်းရွှေမြို့တော်သို့ ချက်ချင်းသွားတွေ့ပြီး မျက်နှာချင်းဆိုင် တောင်းပန်စကား ပြောချင်လာသည်။
 

သန့်ဇင်ကိုတစ်ယောက် ကြာသပတေးနေ့ မနက်ပိုင်းတွင် ကျောင်းအချိန် မရှိသဖြင့် အဆောင်အခန်းလေးထဲ ပျင်းရိရိနှင့် အောင်းနေရပြီး မျက်ချယ်အား လွမ်းချင်းဖွဲ့နေ လေသည် ။

သူမကို လွမ်းသောစိတ်သည် ကျောင်းတက်ကျောင်းဆင်း အလုပ်လုပ်ချိန်တွင် မေ့လျော့နေသလို ရှိသော်လည်း အားလပ်သည့် အချိန်များတွင်မူ ရင်ထဲတွင် အပြစ်ရှိသော စိတ်ကြီးနှင့် လွမ်းပြီးရင်း လွမ်းနေရသည်။
 

အဆောင်အခန်းကျဥ်းလေးထဲရှိ ကုတင်ပေါ်တွင် လူးလိမ့်ကာ လွမ်းဆွေးနေရင်း သန့်ဇင်ကို တစ်ယောက် စိတ်ပင်ပန်းလာသည် ၊ ထို့ကြောင့် အခန်းဖော်ဖြစ်သော အောင်အောင်ဦးအား အပြင်သို့သွားလည်ရန် အဖော်ခေါ်လိုက်မိသည် ။
 

“ဟေ့ရောင် အောင်ဦး...တစ်နေရာရာ သွားရအောင်ကွာ ၊ မျိုးမင်းထက်ဆီ ဖုန်းဆက်ပြီး GTC ကို သွားလည်ကြမလား...မင်းရဲ့ ကောင်လေးနဲ့လည်း တွေ့လို့ရတာပေါ့”

“....................”

“အဲ....ဟုတ်သားပဲ ၊ ငါလည်း တော်တော်ကို လွတ်နေပြီပဲ....မနက်ကမှ အောင်အောင်ဦး​က ကျောက်ဆည် GTC ဖက်သွားလည်မယ် ပြောထားတာကို မေ့ပြီး တစ်ယောက်ထဲ စကားတွေ လျောက်ပြောနေတာ”

“.....................”

“ဟင်း.....” ( သက်ပြင်းချသံ)

 
သန့်ဇင်ကိုသည် ဂယောင်ချောက်ခြားနှင့် တစ်ယောက်ထည်း စကားပြောပြီး ပြန်ငိုင်သွား လေသည်။

အိပ်ယာပေါ်သို့ ပြန်လှဲအိပ်ရင်း ပင့်ကူမျှင်များတက်နေသည့် မျက်နှာကြပ်ကို အတွေးပေါင်း များစွာနှင့် နာရီဝက်ခန့် ငေးကြည့်နေမိသည်။
 

နောက်ဆုံးတွင် အတွေးတစ်ခုက ဖျတ်ကနည်း ခေါင်းထဲပေါ်လာ၍ အပေါ်ထပ်အင်္ကျီကို ဝတ်ကာ ဆိုင်ကယ်ဦးထုပ်ကို သေချာဆောင်းပြီး လမ်းမကြီးပေါ်သို့ ဆိုက်ကယ်အမြန်စီးရင်း ထွက်လာခဲ့သည်။
 

When we were young Where stories live. Discover now