Chapter Twenty-Six: : We Are Missing Each Other

Start from the beginning
                                    

ပြန်တွေးကြည့်တော့လည်း သူ၏ ဘဝတစ်လျောက်လုံးတွင်  ချစ်ခင်မြတ်နိုးရသည့် သူစိမ်းမိန်းခလေးမှာ အိမ့်မျက်ချယ် တစ်ယောက်သာ ရှိခဲ့သည် ။

သန့်ဇင်ကို အလယ်တန်း အရွယ် ဆိုးသွမ်းနေသည့် ကျောင်းသား ဖြစ်နေတုန်းက သူမနှင့်သာ ရင်းနှီးခွင့် မရခဲ့လျင် အခုလို တက္ကသိုလ်တောင် ရောက်နေပါ့မလားဟု လျောက်တွေးမိသည်။
 

အိမ့်မျက်ချယ်ဆိုသည့် ကောင်မလေးတစ်ယောက် သူ့ဘဝထဲသို့ နေရောင်ခြည် အလင်းတန်းလေးလို စတင်ဝင်လာခဲ့သည့် နောက်ပိုင်းတွင် သန့်ဇင်ကိုတစ်ယောက် တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့ရသည်။
 

သန့်ဇင်ကိုသည် ကျောင်းတွင် လူချစ်လူခင်ပေါပြီး ဘက်စုံထူးချွန်သည့် မျက်ချယ်ကို လေးစားသလို အားလည်းကျမိသည် ။

သူမအား တိတ်တခိုးလေး ချစ်ခဲ့ရသည့် နေ့ရက်များတွင် မျက်ချယ်ဆိုသည့် ကောင်မလေးသည် သူ့ဘဝအတွက် အရောက်သွားရမည့် ပန်းတိုင်တစ်ခု အနာဂါတ်တစ်ခု ဖြစ်ခဲ့သည်။
 

သန့်ဇင်ကိုသည် သူမခေါ်ဆောင်ရာနောက်သို့ ကြိုးစားလိုက်ခဲ့ပြီး တဖြည်းဖြည်းနှင့် နီးစပ်ခွင့် ရခဲ့သည် ၊ သူကလည်း သူမအား အသည်းနင့်အောင် ချစ်ရသလို သူမကလည်း သူ့ထက် မလျော့သော ချစ်ခြင်းမေတ္တာမျိုးနှင့် ချစ်မှန်း သိလေသည်။
 

မျက်ချယ်သည် တစ်ခါတရံ အမကြီးတစ်ယောက်လို ဂရုတစိုက် ပြောဆိုဆုံးမ ဆက်ဆံသော်လည်း တစ်ခါတစ်ရံတွင် ကလေးဆိုးလေးတစ်ယောက်လို ဆိုးနွဲ့သည် ။

သူမဘယ်လိုပင် ဂျီကျကျ....ဘယ်လောက်ရစ်ရစ်....ဘယ်လောက် စိတ်ဆိုးစိတ်ကောက် ဖြစ်ဖြစ် သန့်ဇင်ကိုသည် အမြဲတမ်းလိုလို အလျော့ပေးပြီး အလိုလိုက်ခဲ့သည်။
 

သို့သော်လည်း နောက်ဆုံးရန်ဖြစ်ခဲ့သည့် ကိစ္စတွင်မူ သူမသည် သူမြတ်နိုးရသည့် ပန်းချီကားအား ​ဖျက်စီးခဲ့ရုံသာမက အထင်အမြင်သေးသည့် စကားမျိုးကိုလည်း ပြောခံခဲ့ရသည် ။

ထို့ကြောင့်ပင် သူ၏ ယောကျာ်းမာနတစ်ချို့က အခုထိ အခဲမကြေနိုင်ပဲ စိတ်ခုနေရခြင်း ဖြစ်သည်။
 

When we were young Where stories live. Discover now