ရှောင်ကျန်းတို့ သုံးယောက် ထမင်းစားနေချိန်မာ သားကိုချီပြီး ဆင်းလာတဲ့မောင်ကို တွေ့တော့ ထမင်းစားနေရာကနေ ထပြီးမောင့်တို့ဆီသွားလိုက်သည်။

"လာပြီလား... သွားထိုင်နေ ကိုကိုထမင်းခူးပေးမယ်"

"ပါပါး "

"ပါပါးရဲ့သားလေးက ဗိုက်ဆာပြီလား လာ...ပါပါးချီရအောင်"

စော်အော့ကို ချီဖို့လက်ဆန့်နေပေမယ့် နောက်ဆုတ်သွားတဲ့မောင်ကြောင့် ရှောင်ကျန်းမျက်လုံးပြူးသွားလိုက်သည်။

"မောင် "

"‌မားဆီ ခနသွားမာမို့ ညလည်း စောင့်မနေနဲ့ "

‌အေးတိအေးစက်နဲ့ ပြောလာတဲ့ မောင့်စကားကြောင့် ရှောင်ကျန့် ရင်ထဲထစ်ခနဲ့ နာကျင်သွားသလို ခံစားရသည်။ ဘာသဘောလဲ မောင်က ဘာလုပ်ချင်တာလဲ။

"မောင်....ကိုကိုလည်း လိုက်...."

"ရီရှင်း ကျန်းရီရှင်း စောနက ကိစ္စတောင်းပန်ပါတယ်နော် စိတ်ထဲမထားပါနဲ့"

သူ့စကားတောင်ဆုံးအောင် မပြောရသေးပဲ ရီရှင်းတို့ကို ဖြတ်ပြီးပြောလိုက်တဲ့ မောင်ကြောင့် ရှောင်ကျန်းဝမ်းနည်းလာသည်။

ထမင်းစားနေတဲ့ ရီရှင်းတို့နှစ်ယောက်က ကြောင်တောင်တောင်ဖြစ်သွားတယ်။

"အမ်...အင်းအင်း"

ရှောင်ကျန်း မောင်ကိုကြည့်ပြီး နားမလည်နိူင်သေးဘူး။ ဒီအခြေအနေကို သူတကယ် နားမလည်နိူင်သေးဘူး။

မောင့်လုပ်ရပ်ကြောင့် သူအငေးလွန်နေချိန်မာ မောင်ကအိမ်ထဲက ထွက်သွားလိုက်ပြီ။
သူပြေးလိုက်ပေမယ့် မောင်က ကားကိုမောင်းပြီး ထွက်သွားပြီ။
သူလည်း မောင်ကားနောက်ကို မမှီမခြင်း မောင်ကားမရပ်မခြင်း  ဆက်ပြေးနေလိုက်သည်။
ပါးစပ်ကလည်း "ကိုကို တောင်းပန်ပါတယ်"လို့ အကြိမ်ကြိမ်ရွတ်ပြီး ရိပေါ်တို့ကားနောက်ကို သူဆက်ပြေးလိုက်နေတော့သည်။

အမှန်တော့ ရိပေါ်က ဒီလိုမလုပ်ချင်ပါဘူး။ သူတောင်မခိုင်းရက်လို့ မနက်စာကို သူကိုယ်တိုင်ထလုပ်တာကို သူများအတွက်နဲ့ အိပ်ရေးပျက်ခံပြီး မနက်အစောကြီး ချွေးတဒီးဒီးနဲ့ ချက်ပြုတ်နေတဲ့ကိုကို ကိုမြင်တော့ သူလည်းစိတ်မထိန်းနိူင်ဖြစ်သွားတာပါ။

Our Family (Completed)Where stories live. Discover now