ရှောင်လျို့ခေါင်းကုတ်ကာ တွေးလိုက်တယ် : 'အိုက်ယား ဒါက မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံပဲဖြစ်ရမယ်' အဲ့လိုဆိုရင်တောင်မှ သူက သူမရဲ့စကားတွေကို အရေးပါသလိုမျိုး သဘောထားတယ်။ သူမဆီက နှစ်ပေါင်းများစွာ သင်ယူခဲ့ရပြီးနောက် သူအယုံကြည်ဆုံးက သူမပဲ။

ဒီလိုနဲ့ သူလည်း သူတို့ရဲ့လျှို့ဝှက်ပိုးသတ်ဆေးမှုန့်တွေကို ပြန်သိမ်းဆည်းပြီး သူတို့ရဲ့ပစ္စည်းတွေကို စစ်ဆေးဖို့ တဲထဲပြန်ဝင်လိုက်တယ်။

အမျိုးသမီးကတော့ ကျန်းမူတစ်ယောက် တဲထဲကနေ သူ့ရဲ့ကြေးနီဓားကိုကိုင်ကာ ထွက်လာတာကို မြင်လိုက်တာနဲ့ တောက်ပစွာ ရွှန်းရွှန်းစားစားကြီး ပြုံးသွားတယ် "ကျန်းမူ! ကျန်းမိသားစုရဲ့သားအလတ်လေး! လာ လာ! ငါတို့ မတွေ့ဖြစ်တာ ဒီလောက်ကြာနေတာတောင်မှ နင်ကလာပြီး နှုတ်ဆက်စကားလေးတောင် မပြောပါလား၊ ဒီမှာ နင့်ရဲ့ချန်းဖန်းကို စစ်ကြည့်ပါရစေအုံး!"

ကျန်းမူက ဒီအမျိုးသမီးကို အနည်းငယ် ရှောင်တိမ်းဖို့ကြိုးစားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့လက်နက်ကိုစစ်ဆေးဖို့ တောင်းဆိုလာတာကိုကြားရတဲ့အခါ ခပ်တည်တည်နဲ့ ရှေ့ကိုလျှောက်သွားပြီး အသာနှုတ်ဆက်လိုက်တယ် "လိန်းကျဲ့" [ T/N : Lei မှာ တိုင်ပတ်နေလို့ လိန်းလိုက်ပါတယ် မှားနေရင်လည်း ပြောပေးပါနော် ]

လိန်းကျဲ့မျက်နှာပေါ်မှာ အပြုံးကြီးတစ်ခုရှိနေပြီး သူမက လက်ထဲကဓားကို ဘေးချကာ ကျန်းမူဆီက ကြေးနီဓားကို လှမ်းယူလိုက်တယ်။ သူမက ဂရုတစိုက်နဲ့ ဓားကိုယ်ထည်ပေါ်မှာထွင်းထားတဲ့ ချန်းဖန်းကို ပွတ်လိုက်တယ်။

လိန်းကျဲ့တို့မိသားစုက ဓားလက်နက်ပန်းပဲဖိုလုပ်ငန်းလုပ်ကိုင်လာတာ မျိုးဆက်ပေါင်းများစွာရှိနေပြီဖြစ်တယ်။ မိသားစုထဲမှာရှိတဲ့ လက်မှုပညာသည်တွေက ပြီးပြည့်စုံတဲ့ဓားတစ်လက်ဖန်တီးနိုင်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်လောက်တဲ့အထိ အားလုံးရူးသွပ်ကြတယ်။ ဒါကလည်း သူမကို ရှေးဟောင်းလက်နက်တွေအပေါ် စွဲလန်းစေတဲ့အကြောင်းပြချက်ဖြစ်ပြီး ဒီလိုမျိုးအလုပ်လမ်းကြောင်းမှာ ပူးပေါင်းလာတာဖြစ်တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now