part 21(z/u)

120 14 0
                                    

Zawgyi

ကျင်းလင် ရဲ့ ကျောင်းပိတ်ရက် ကတော့
မိဘနှစ်ပါးကို ကပ်ချွဲလိုက် လိပ်ပြာပျို နဲ့
ဆော့လိုက်နဲ့ ကုန်ဆုံးသွားခဲ့သည်...

...............

ကျောင်းပြန်ဖွင့်တော့
မနက်ခင်းစာသင်ချိန်ဝယ်...

တခန်းလုံး အပ်ကျသံပင်
်ကြားရနိုင်လောက်အောင်
တိတ်ဆိတ်စွာ ဆရာပြောလာမဲ့
စကားကို နားထောင်ဖို့
ရင်ခုန်စွာနဲ့ စောင့်နေကြသော
ကျောင်းသားကျောင်းသူများ...

ထိုထဲတွင် လောင်းထားကြသော
ကျင်းရီ ၊ စစ်ကျွေး နဲ့ ကျင်းလင် တို့လဲ
အပါအဝင်ပေ...

ဆရာက ကျောင်းခန်းထဲ တချက်
ဝေ့ကြည့်လိုက်ပီး...

"ကဲ အားလုံးစိတ်ဝင်စားနေကြတဲ့
Ro.1ကတော့......ကျင်းရူလန် "

"ဝိုး"!!!

ဆရာရဲ့ စကားအဆုံးမှာ
ထွက်ပေါ်လာသော ကျောင်းသား
ကျောင်းသူတွေရဲ့ အားကျသံတွေ...

ဆရာက အမှတ်စရင်းနဲ့
အဆင့်စာရွက်ကို ကြည့်ရင်း...

"နေအုံး နေအုံး နောက်ထပ်
Ro.2က နှစ်ယောက် တောင်နော်
ရော့ ဝေလိုက်ကြတော့ ဒီနေ့
ဆရာသွားစရာရှိလို့ အတန်း
ဆင်းပေးလိုက်မယ်"

"ကျေးဇူးပါ ဆရာ "

ဆရာထွက်သွားတာနဲ့
စကားပြောလာတဲ့ ကျင်းရီ...

"Con Con ပါ ကျင်းလင်
ငါတို့တွေ ကန်တင်းသွားရအောင်"

ကျင်းလင် လူရုပ်မာ ပြုံးကြီး
ပြုံးလိုက်ပီး...

"ဟက်'မင်းတို့နှစ်ယောက်"

စစ်ကျွေး ကတော့ ကျင်းလင် ရဲ့
အပြုံးကြီးကြည့်ပီး စကားတေတောင်
ထစ်ကုန်တော့သည်...

"ဘာ ဘာလဲ တမှတ်လေးပဲ
ကွာတာကို ထားလိုက်တော့ "

ဟုတ်တယ် သူတို့က တမှတ်လေးပဲ
ကွာတာ ကျင်းရီ နဲ့ စစ်ကျွေး က
အမှတ်တူနေကြပီး သူတို့က
ကျင်းလင် ထက် တမှတ်လေးပဲ
နဲတာ...

ကျင်းလင် ထအော်တော့သည်...

"အက်လိုလုပ်လို့ရမလား"

ကျင်းရီ ကတော့ ကျင်းလင် ကို...

"အေးပါ ဒါနဲ့ မင်းတော်တော်
ဉာဏ်ကောင်းတာပဲ နော်
အချိန်ပြည့် နားကျပ်တက်ထားပီး
သချင်းနားထောင်နေတဲ့ မင်းက
Ro.1ရတာမိုက်တယ်"

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now