part 10(z/u)

175 14 0
                                    

Zawgyi

ကျင်းလင်တို့ Clubကို
ကားငှါးပြီး သွားလိုက်ကြသည်....

Club ရောက်တော့ 6နာရီ လောက်ပဲ
ရှိသေးတာမို့ လူက အယောက် 20
လောက်သာရှိသည်...

ဝိုင်းတဝိုင်းမှာထိုင်လိုက်ကြပီး
ဘာစကားမှ မပြောဖြစ်ကြ
ထိုင်သာသောက်နေကြတော့သည်...

အစကတည်းက ကောင်ဇိုးလေးတေမို့
Club တို့ Barတိုက သူတို့နဲ့
သိပ်မစိမ်းပါ....

ကျင်းရီ နှစ်ခွက်လောက်သောက်ပီး
သွားကနေလေသည်...

စစ်ကျွေး နဲ့ ကျင်းလင် ကေတာ့
ထိုင်သောက်နေကြသည်...

ကျင်းလင် သိပ်ပီး  သောက်စမရှိတာမို့
သုံးခွက်လောက်သောက်ပီး မူးကာ
စစ်ကျွေး အားရစ်ပါတော့သည်...

စစ်ကျွေး လဲ ဆက်မသောက်နိုင်တော့ပဲ
ကျင်းလင် ကိုသာ ထိန်းနေရပီး
သူမေးသမျှလဲ ဖြေရပါသေးသည်...

ကျင်းလင် "စစ်ကျွေး စစ်ကျွေး....
ငါကေလ... မင်းတို့နဲ့ပဲနေချင်တာ..
သိလား...အက်တာကိုလေ.. အက်
ကျင်းရီ ...ဆိုတဲ့ ..အကောင်က..
ရည်းစား..ထားခြင်နေတာ ..မင်းလဲ..
သတိထားနေ... ရည်းစားထားလို့ကတော့..
ငါမင်းတို့ကို သတ်မှာနော် "..

ကျင်းလင် မူးနေတာမို့ ပါးစပ်က
လျှောက်ပြောနေသည်...

ဒါပေမယ့် သူတကယ်ပြောနေတာပါ...

စစ်ကျွေး လဲ စိတ်ထဲရှိတဲ့အတိုင်းသာ
ပြန်ပြောလိုက်သည်...

စစ်ကျွေး "အင်းပါ မထားဘူး
ဟုတ်ပီလား ငါလဲ မင်းတို့နဲ့ ပဲ
နေမှာ "

စစ်ကျွေး စကားကြောင့် ကျင်းလင်
ကျေနပ်သွားဟန်နဲ့ ပြုံးပြီး....

ကျင်းလင် "ပြစမ်း "

ကျင်းလင် စစ်ကျွေး မျက်နှာကို
ပါးနှစ်ဖက် အုပ်ကိုင်ပြီး ကြည့်ကာ...

ကျင်းလင် "အား...ချစ်သွားပြီ မွ"..

ကျင်းလင် စစ်ကျွေးရဲ့ နခမ်းတို့ကို
သူ့ရဲ့ နခမ်းနဲ့ ထိတယ်ဆိုရုံလေး
ထိကပ်စေပီး ပြန်ခွာလိုက်ကာ
မှောက်သွားတော့သည်...

သူမမှောက်ခင် စကားတခွန်းလဲ
ပြောသွားသေးသည်...

'ငါ့ကို မထားခဲ့ကြရဘူးနော်'တဲ့...

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now