Little night bird and his Owner

8.7K 329 13
                                    

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်။
ဧရိယာအားဖြင့် အတော်ကျယ်ဝန်းပြီး လူနေထူထပ်ကာ နေချင်စဖွယ်မြို့တစ်မြို့ဖြစ်ပေသည်။ ပင်လယ်ကမ်းခြေတွေလဲ များပြားတာမို့ ခရီးသွားများနှင့် စည်ကားနေလေ့ရှိသည့် မြို့လဲ ဖြစ်ပေသည်။

ထိုကဲ့သို့ စည်ကားကာ လူပေါင်းများစွာ သွားလာနေသည့် မြို့အထဲနှင့်မတူစွာ မြို့ရဲ့ အပြင်ဘက်မရောက်ခင် တောအုပ်လေးတွေနှင့် ထိစပ်နေသည့် နေရာတွင်တော့ ​ခြံဝန်းအကျယ်ကြီးတစ်ခုရှိပြီး ထိုခြံဝန်းထဲတွင် တစ်ခုတည်း ထီးထီးကြီး တည်ရှိနေသည့် အဖြူရောင်စွတ်စွတ် စံအိမ်ကြီးတစ်လုံးလဲ ရှိပေသည်။

ထိုစံအိမ်ကြီးဟာ မြို့အပြင်မှာတည်ရှိနေသည့်အပြင် ခြံဝန်းကြီးဟာလဲ ကြီးမားလွန်းတာမို့ ထိုစံအိမ်ကို အပြင်လမ်းမပေါ်ကနေ ဖြတ်သွားရုံလောက်နှင့်တော့ မြင်တွေ့နိုင်မည် မဟုတ်ပေ။

ထိုကဲ့သို့ ပြင်ပလောကကြီးနှင့် မနီးစပ်စေချင်တာကလဲ စံအိမ်ကြီး၏ အရှင်သခင်မ ဖြစ်သူက လိုလားခြင်းဖြစ်ပေသည်။ ဘာလို့ဆို သူမပိုင်ဆိုင်တဲ့ ငှက်ကလေးတွေက သိပ်လှသည်မဟုတ်ပါလား။ တွေ့ကရာ လူရဲ့ မျက်စိသရမ်း၊ ပါးစပ် သရမ်းခြင်းကို သူမ ခွင့်မပြုနိုင်ပေ၊၊

ထိုငှက်ကလေးတွေဟာ သိပ်ကို တန်ဖိုးကြီးသည် ၊၊ဒါ့ကြောင့် တန်ဖိုးကြီးကြီး‌ပေးနိုင်မဲ့ သူရဲ့ ရှေ့မှောက်မှာသာ ခစားကြရန် ဖြစ်ပေသည်၊၊

ဆောင်းဝင်ကာစမို့ ပတ်ဝန်းကျင်တစ်ခုလုံးက စိုထိုင်းထိုင်း ဖြစ်နေပြီး ပတ်ဝန်းကျင်ဟာလဲ မိုးချုပ်တာ စောတာမို့ လွမ်းဆွေးဖွယ်ရာ ညနေခင်းတစ်ခု ဖြစ်ပေသည်၊၊ သို့ပေမယ့်လဲ Kit နဲ့ Madam စီးနင်းလိုက်ပါလာတဲ့ Audi ကားလေးမှာတော့ တောအုပ်ဘေးနှစ်ဖက် ခြံရံထားသည့် လမ်းမထက်တွင် တစ်စီးထဲ အရှိန်ပြင်းစွာနှင့် ဒုန်းစိုင်းသကဲ့သို့ မောင်းနှင်လာလေသည်၊၊

အကြောင်းမှာတော့ ဒီနေ့မှ စိုင်းမဆင့်ဘုံမဆင့်နဲ့ အသိမပေးပဲ ရောက်ချလာသည့် Kit ရဲ့ အရှင်သခင်ကြောင့်သာ ဖြစ်ပေသည်၊၊ Madam ဆီကို စံအိမ်ဆီကနေ ဖုန်းဝင်လာကတည်းက စံအိမ်မှာ သခင် သောင်းကျန်းနေမယ်မှန်းသိတဲ့ Madam ဟာလဲ ကားမှန်တံခါးကို ချကာ စီးကရက်တစ်လိပ်ကို ဖွာနေလေသည်၊၊ ထိုအကျင့်ဟာ Madam စိတ်လှုပ်ရှားတဲ့ အချိန်မှသာ လုပ်လေ့ရှိသော အကျင့် ဆိုတာ အနေနီးလာတဲ့ တစ်လျှောက်လုံး Kit သတိထားမိခြင်းဖြစ်ပေသည်၊၊

You've reached the end of published parts.

⏰ Last updated: May 30, 2022 ⏰

Add this story to your Library to get notified about new parts!

Find Your Desire...Where stories live. Discover now