လျိုကျားအန့်မှာ ထိုအရာအားမမြင်သယောင်​မျက်ကွယ်ပြုထား​ပေး​၏။ဒါ​ပေမယ့် ယွီချင့်ဟွမ်လိုခေါင်း​ကြောမာသူက​တော့ ဘယ်လိုပင်ပြော​ပြောအသုံးပြုရန်ငြင်းဆန်​နေခဲ့သည်။

ပုံမှန်အတိုင်းသာ​ပြောရမည်ဆို ဒီလိုအနုပညာရှင်တွေက ​အေးဂျင့်​တွေရဲ့မျက်နှာသာပေးသ​ဘောကျနှစ်ခြိုက်မှုကိုခံရမှာပင်။

သို့ရာတွင် ယွီရှင်းနှင့်ယွီချင့်ဟွမ်မှာ အလုပ်သ​ဘောဆက်ဆံ​ရေးမျိုးသာမက သူငယ်ချင်းကောင်း​တွေပါဖြစ်နေ၏။

ခုလို​အေးခဲ​ချမ်းစိမ့်နေ​သော​ဆောင်းတွင်းကာလကြီး ယွီချင့်ဟွမ်မှာရှပ်အကျီပါးပါး​လေးတထည်သာဝတ်ဆင်ထားပြီး သူ့ဇာတ်ဝင်ခန်းကိုရိုက်ကူးရမည်။ဒါကိုယွီရှင်းအ​နေနဲ့ဘယ်လိုကြည့်ရက်မလဲ?။

ဖြစ်နိုင်မယ်ဆို သူသာအစားဝင်​ရိုက်ပေးလိုက်ချင်မိသည်။ဘာပဲ​ပြော​ပြော သူ့မှာအ​အေးဒဏ်ကိုအံတုနိုင်မည့်အဆီပြင်ကြီး​တွေရှိ​နေသည်လေ။

ယွီရှင်းမှာ​သက်ပြင်းရှည်ကြီးနောက်တဖန်ထပ်ချလိုက်မိပြန်သည်။ဇာတ်ညွှန်းကြည့်ရင်းအချိန်မရှိဖြစ်နေရှာသည့်ယွီချင့်ဟွမ်အားကြည့်လို့ သူ့နှလုံးသား​လေးမှာသွေးစက်စက်ယို​နေ​လေပြီ။

အသက်၂၀ စွန်းစွန်း ဘယ်လူငယ်လူရွယ်တ​ယောက်မှ သွားသွားလာလာ လည်လည်ပတ်ပတ်နဲ့ သူ့အချိန်​တွေကို အသုံးချကုန်ဆုံးရမှာမကြိုက်သူမရှိ​လောက်။သို့​သော်ဒီတ​​ယောက်က​တော့ချွင်းချက်ပင်။

သူဟာအရမ်းကိုစည်းစနစ်ကျပြီး အားတာနဲ့စာအုပ်ဖတ်ရင်ဖတ် မဟုတ်ရင် ကင်မရာ​နဲ့မျက်နှာချင်း​ဆိုင်ပြီးသရုပ်​ဆောင်စွမ်းရည်​တွေတိုးတက်​လာအောင်​လေ့ကျင့်​နေတက်သည်။Weibo မှာအပ်ဒိတ်တင်ရန်အတွက်​တောင်သူ့မှာအချိန်ရှိမ​နေ​ပေ။

သူ့အား အနည်းငယ်ဖျတ်လတ်တက်ကြွစွာမြင်နိုင်တဲ့တခုတည်းသောအချိန်မှာကျောက်ချင်းယွမ်နှင့်အတူရှိ​နေချိန်သာ။

ထိုကြောင့် သူနဲ့​​ကျောက်ချင်းယွမ်ကြားကောလဟလတွေ မနားမ​နေထွက်​နေ​ပေမယ့် ယွီရှင်းဟာ သူတို့နှစ်​​ယောက်သွားသွားလာလာအတူရှိတာကိုမတားမြစ်ခဲ့..။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now