"ချင့်ဟွမ် ဒီကိုလာ"

လျိုကျားအန့်တခြားအရာ​တွေနဲ့အလုပ်ရှုပ်​နေတာကိုအခွင့်​ကောင်းယူပြီး ယွီရှင်းမှာခိုး​ကြောင်ခိုးဝှက်ဖြင့် ယွီချင့်ဟွမ်အားဘေးတ​နေရာဆွဲ​ခေါ်သွားပြီး အ​နွေးအိတ်/ကပ်ခွာ ၂ခုဆွဲထုတ်လာသည်။

"ခဏ​နေရင် မင်း​မြေကြီး​ပေါ်မှာအကြာကြီးလဲလျောင်းနေရ​တော့မှာ..ဒါ​လေးကိုခါးမှာကပ်ထားလိုက်..မဟုတ်ရင်မင်းအ​အေးမိသွားလိမ့်မယ်"

"ရပါတယ်"

ယွီချင့်ဟွမ်မှာခေါင်းခါလာပြီး ထိုအရာကိုလက်သင့်မခံ​ပေ။

"ဒီ​နေ့အရမ်းမ​အေးပါဘူး ကျွန်တော်ခံနိုင်ရည်ရှိပါတယ်"

မှန်ဘီလူးဆိုတာကမ္ဘာ​ပေါ်တွင် အနုစိတ်အ​သေးစိတ်အကျဆုံးမှန်တခုဖြစ်​ပေသည်။ပိတ်ကားပြင်​ပေါ်ဝယ် ခန္ဓာကိုယ်တ​နေ​နေရာမူမမှန်တာ​​လေးမရှိလိုက်နဲ့ အဆမတန်ပုံကြီးချဲ့ကား​​ပေါ်လာမှာပင်။

အနွေးအိတ်​တွေမှာပေါ့ပါးပြီး​သေးငယ်​ပေမယ့် ယွီချင့်ဟွမ်မှာ ပါးလွှာတဲ့အဖြူ​ရောင်ဝတ်ရုံတထည်သာဝတ်ဆင်ထားတာ​မို့ အကယ်၍များ ထိုအရာရဲ့ပုံပန်းသဏ္ဍန်ပေါ်လွင်​နေတာ ဒါမှမဟုတ် သူ့ခါးကိုထူထူထဲထဲပွပွ​ယောင်း​ယောင်းကြီးဖြစ်သွား​စေပါက ​အလုပ်ဖြစ်မှာမဟုတ်​ပေ။

"မင်းကတကယ့်ကိုတလမ်းသွားကြီးပဲ!"
(​ခေါင်းမာတယ်ပြောချင်တာ)

ယွီရှင်းမှာ သူ့အားနားချမရတာ​ကြောင့် ထိုအရာ​တွေကိုအ​ဝေးသာပို့ထားလိုက်ရ​တော့သည်။

ယွီချင့်ဟွမ်မှာ လွတ်လွတ်လပ်လပ် ပေါ့​ပေါ့ပါးပါး​ရှိပုံ​ပေါက်​သော်လည်း အမှန်တကယ်​တော့သူဟာအ​တော်​လေးကိုတာဝန်ယူစိတ်ရှိသူတ​ယောက်ဖြစ်၏။

သူရခဲ့တဲ့အလုပ်မှန်သမျှ ​သေးသည်ကြီးသည်ဖြစ်စေ သူ့စိတ်နှလုံးအကုန်နှစ်မြှပ်လို့အပြီးသတ်မှာဖြစ်ပြီး လျော့​လျော့​ပေါ့ပေါ့လုပ်​​ဆောင်တာမျိုးအနည်းအကျဥ်း​တောင်မ​​တွေ့ရ။

အ​နွေးအိတ်အ​ကြောင်းပဲ​ပြောဦးမလား။အမှန်​ပြောရရင် ​ကျောက်ချင်းယွမ်​တောင်မှသူ့ခန္ဓာကိုယ်မှာအနည်းအကျဥ်းထည့်ထားတာ သူ​တွေ့လိုက်​ရသေးသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now