အပိုင်း (13)

Start from the beginning
                                    

တဲ့ဖေး က ဒူးထောက်ပြီး ပြောတာကြောင့် သူမရဲ့ လည်ပင်း အပေါက်ကနေ ပြီးတော့တောင် အထဲ က ရင်သားတွေ ကို မြင်နေ ရလေတယ်။ ဧကရာဇ် တစ်ယောက် မျက်နှာ ကြီးမည်း သွားလေတယ်။ ဘာလဲ ဒီတဲ့ဖေး က ကျန်း ရဲ့ ဧကရီ ရှေ့မှာ သူမရဲ့ ရင်သားတွေ ကို လှစ်ဟ ရဲတယ်။ သူ့တောင် မြင်ရတယ် ဆိုရင် သူ့ကို ပွေ့ ထားတဲ့ ဧကရီ လည်း ထိုမြင်ကွင်း ကို မြင်ရ မှာ အသေ အချာပဲ ။ အနောက် ကို လှည့်ကြည့် တော့ သူ့အမတော် က အရှေ့ က တဲ့ဖေး ကို စိုက်ကြည့်နေတာ ကို တွေ့ လိုက်တယ်။ ချက်ချင်းပဲ စိတ်ထဲ မှာ ပုဝါ ကိုက်ပြီး တဲ့ဖေး ကို လီယု ကျိန်ဆဲနေပြီ ပဲ ဖြစ်တယ်။

  ငါ့အမတော် ကို မြူဆွယ် ချင်နေတယ်.... ဟမ့်... နင်က ကျန်း နဲ့ လာပြိုင် ချင်နေတာလား... ။

  စိတ်ထဲ မှာ ကျိန်ဆဲ နေပေမယ့် အပြင်မှာတော့ မျက်နှာသေလေး နဲ့ ပြန်ဖြေ လိုက်တယ်။

" အတင့်ရဲ လိုက်တာ.....ကျန်း ဘယ်အဆောင် ကိုပဲ သွားသွား တဲ့ဖေး စိတ်ပူနေစရာ အကြောင်း မရှိသလို.... ကျန်း ကလဲ ဘာကိစ္စ နဲ့ပြော ရမှာလဲ။ ပြီးတော့ တဲ့ဖေး ရဲ့ အိပ်ဆောင် ကို ကျန်း စိတ်ပါ တဲ့အချိန် လာမှာပေါ့....မင်းက ကျန်း ကို ဖိတ်ခေါ် တိုင်း လာရအောင် ကျန်း က ' အနီရောင် အလှ' ဂေဟာ က လူမဟုတ်ဘူး..''

  ဧကရာဇ်လေး က ဒေါသ ထွက်သွားမှန်းလည်း သိရော ဒူးထောက်နေ ရာကနေ မြေကြီး ဆီ ကို ငုံ့ ကိုင်း လိုက်ပြီး တောင်းပန် တော့တယ်။

" ချန်ချယ့် အမှားပါ.....ချန်ချယ့်က အမတ်ချုပ်ကြီး ရဲ့မြေးမ ဆိုပေမယ့် ငယ်စဥ် ကတည်းက မိဘတွေ နဲ့ နယ်ဘက်မှာ နေခဲ့တာမို့ ကျင့်ဝတ်တွေ နားမလည်တာပါ....ဒါကြောင့် အရှင့် ကို ခွင့်လွှတ်ပေး ဖို့ တောင်းပန်ပါတယ်.... ''

  သနားခံနေ တယ် ထင်ရပေမယ့်လည်း
စကားလုံး တွေ ကို ဖိပြီး ပြောသွားတာ မို့ မာန်မချ မှန်း သိသာလေတယ်။ ထိုအခါ စဲ့ဖေး(ရှုယုလိန်) က ဝင်ပြီး ပြောလေတယ်။

" အို.....ဒီကြင်ယာတော် ကြားဘူးတာ ကတော့ တဲ့ဖေး က အမတ်ချုပ်ကြီး ရဲ့ ပုလဲ လုံး လေး ဖြစ်ပြီးတော့ ငယ်စဥ် ကတည်း က အနုပညာ လေး မျိုး နဲ့ ကျင့်ဝတ်တွေ ကျွမ်းကျင် လှတယ် လို့ နန်းမြို့ မှာ နာမည် ကြီးနေတာပဲလေ... ပြီးတော့ တဲ့ဖေး ပြောတဲ့ နယ်ဘက် ဆိုတာ က ကျန်းနန် ကိုပြောတာ မလား....အို... အဲ့နယ်ဘက်က အမျိုးသမီး လေးတွေက သိမ်မွေ့ ယဥ်ကျေး ပြီး ကျင့်ဝတ်ထုံးတမ်း သိတက်မှု က ကျော်ကြား လှတယ်။ အခု တဲ့ဖေး က နားမလည် ဘူး ဆိုတော့ရာ....အိုင်း....ကောလ ဟာလတွေ ကို မမှန် ဘူးနေ မှာပါလေ...''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now