"ရီရှင်း ဒါဘာလုပ်တာလဲ"

"ကိုကို"

"မင်းကွာ  ငြိမ်ငြိမ်နေပါ ၊ဂရုစိုက်ပါလို့ ငါပြောရက်သားနဲ့ကွာ ဘာလဲဒီကလေးကို သေစေချင်တာလားပြော"

ကျန်းရီရှင်း စကားကြောင့် ရီရှင်းကို ဒေါသထွက်စေသည်။

"အင်း ဟုတ်တယ် အဲ့ကြောင့်လမ်းခွဲရအောင်"

"မင်း!!!"

"ဘာလဲ ရိုက်မလို့လား လာလေ"

အံ့ဩသလို မယုံကြည်နိူင်ခြင်းနဲ့ သူ့ကိုကြည့်လာတဲ့ ကလေးက မျက်လုံးအိမ်ထဲမာလည်း မျက်ရည်အပြည့်နဲ့ အဲ့မှကျန်းရီရှင်းက ရိုက်သလို ရွယ်ထားတဲ့လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။

"ကလေး ကိုကိုမှားသွားပါတယ် ကိုကိုမရည်ရွယ်ပါဘူး ကိုကိုတောင်းပန်ပါတယ်"

"မထိနဲ့ လိုက်လည်းမလာနဲ့ မဟုတ်ရင် ကိုယ့်ကိုယ်ကို သတ်သေပစ်မာ"

ရီရှင်းစကားကြောင့် ဆွဲထားတဲ့လက်လေး ပြေလျော့သွားရသည်။‌ ထွက်သွားတဲ့ ရီရှင်းနောက်ကို ကြည့်ပြီး ကျန်းရီရှင်းမာ တစ်ခုခုကို ဆုံးရှူံးသွားသလို ခံစားရသည်။
ကိုယ်ဝန်နဲ့မို့ စကိတ်စီးနေတဲ့ ရီရှင်းကို မြင်တော့ ကျန်းရီရှင်း စိတ်မထိန်းနိူင်ဖြစ်သွားတယ်။
ဒါတွေကို ဘယ်ကနေဘယ်လိုဖြစ်ပြီး ဒီအခြေအနေရောက်သွားတာလဲ ဆိုတာသူကိုယ်တိုင်လည်း မသိတော့ဘူး။

အရင်ကလည်း စိတ်ဆိုးပြီး ထွက်သွားနေကျမို့ ပြန်လာမာပါ သိပေမယ့် အခုခံစားချက်က
တစ်ခုခုကို ပြန်မရနိူင်တော့သလိုမျိုး ရင်ထဲမာလည်း အရင်ကထက် ခံရခက်တယ်။

ထွက်သွားတဲ့ ရီရှင်းနောက်ကို သူပြေးလိုက်တော့လည်း မတွေ့တော့တာမို့ အိမ်ပြန်လ်ုက်သည်။အဲ့တာနဲ့ပဲ တစ်နာရီ နှစ်နာရီ ညအထိလည်း ပြန်မလာတာမို့ သူလိုက်ရှာပေမယ့် မတွေ့။ ‌ တော်သေးတယ် သူ့မာသူငယ်ချင်း ရဲမှူးကြီးရှိသေးတာမို့ လူပျောက်တိုင်ကြားတာကို ၂၄နာရီမစောင့်ရပဲ ချက်ချင်ကြီး အကူအညီရသွားတယ်။

ဒါပေမယ်လည်း အခြေအနေတွေက မဟန် ကလေးရဲ့အငွေ့အသက်တောင်မရ။ တစ်ခုခု ဖြစ်သွားတာလား ဆိုတဲ့အသိစိတ်က သူ့ကိုပိုပြီး ပူလောင်စေပြန်ရော။

Our Family (Completed)Where stories live. Discover now