13▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-7»»»

En başından başla
                                    

မျက်စိရှေ့ကိုရောက်လာသောဆိုဂျူပုလင်းကြောင့်သူ့စိတ်တွေတဖန်ပြန်စုစည်းကာကြည့်လိုက်သည်။

"တစ်ခွက်လောက်သောက်ရအောင်"

အိမ်မှာရှိတဲ့အရက်နှစ်ပုလင်းလုံးကိုပိုက်လာပြီးဖန်ခွက်နှစ်လုံးပါအဆင်သင့်ယူလာတဲ့သူမကိုသူ မငြင်းတော့ပါ။သူလည်းအခုပူလောင်နေသည်မလား...။

"အွန်းး"

အရင်တုန်းကထိုနေရာလေးမှာချစ်သူနှစ်ယောက်ရဲ့ရယ်သံလေးတွေစနောက်ကြည်စယ်မှုလေးတွေနဲ့သာယာကြည်နူးခဲ့ရပေမယ့်အခုတော့အေးစက်တဲ့ရာသီဥတုနဲ့အေးစက်တဲ့ခံစားချက်တို့သာလွှမ်းခြုံထားသည်။

"ဘေဘီ ကို့ကိုချစ်သေးလားဟင်"

ဆိုဂျူလေးပုလင်းကုန်ခါနီးမှစကားစပြောလာတဲ့သူ... တစ်ချိန်လုံးဒါကိုမေးချင်နေခဲ့တာလား...၊

"အွန်း ချစ်တာပေါ့"

"ကို့ဆီပြန်လာမယ်မလားဟင်"

"....."

စီးကျနေသောမျက်ရည်များကိုသွေးအေးစွာနဲ့သူမလျစ်လျူရှုထားလျှက်...

"ကိုနဲ့ဒီအိမ်လေးဆီကိုလေ ဒီအိမ်လေးကငှားထားတာဆိုပေမယ့်ကိုယ်တို့အတူဒီအိမ်လေးမှာပဲပျော်ပျော်ရွှင်ရွှင်နေလာခဲ့ကြတာသုံးနှစ်တောင်ပြည့်တောင်မယ်၊ ကိုတို့ဆီပြန်လာမယ်မလားဘေဘီ"

"သေချာပေါက်ပေါ့"

'အခုချိန်ကစပြီးနာအွန်းဆီကအလိမ်ညာစကားတွေပဲကြားရတော့မှာမို့လို့ဆက်မမေးပါနဲ့တော့လားကိုရယ်'

"ဟုတ်ပါရဲ့ ဘေဘီကအပြီးထွက်သွားတာမှမဟုတ်တာကို ကိုယ်ဘာတွေဖြစ်နေလဲမသိဘူး ဒီနေရာလေးကတဆစ်ဆစ်နဲ့နာနေတယ်"

မျက်လုံးနဲ့နှာ​ခေါင်းလေးတွေနီရဲနေတဲ့သူကရင်ဘက်လေးကိုဖွဖွလေးထိပြီးပြောလာသည်။ သူမရဲ့မျက်စိရှေ့မှာဝဲကျနေသောဆံပင်လေးများကိုအသာသပ်တင်ပေးကာမျက်နှာအစိတ်အပိုင်းလေးတွေကိုလက်ချောင်းလေးများနဲ့အသာအယာထိတွေ့နေသည်။

"ကိုယ် ဘေဘီ့ကိုအရမ်းလွမ်းနေရတော့မှာ ဘေဘီစာကြိုးစားနော် လိုတာရှိရင်ဖုန်းလှမ်းဆက်လိုက် ကိုယ်လာပို့ပေးမယ် ကိုယ်မက်ခဲ့တဲ့အိမ်မက်တွေကတဖြေးဖြေးပုံပေါ်လာနေလို့ ကိုယ်အရမ်းကြောက်နေမိတယ် ဘေဘီသိတယ်မလား ကိုကဘေဘီမရှိရင်မဖြစ်ဘူးဆိုတာ"

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Hikayelerin yaşadığı yer. Şimdi keşfedin