ထိုအခိုက်အတန့်၊ ထိုအချိန်တဒင်္ဂလေးသည် အမှန်တကယ်ကိုပင် စစ်မှန်လှပခဲ့ပါသည်။

ရန်ကျားလိသည် အိပ်မက်ကမ္ဘာမှ နိုးထလာသော်လည်း သူ၏နှလုံးသားတစ်ခုလုံးသည် အိပ်မက်ထဲ၌ ပိတ်မိနေဆဲဖြစ်ပြီး ဆွဲထုတ်ပစ်ဖို့ရာ သူကိုယ်တိုင်ပင် မစွမ်းဆောင်နိုင်ပါပေ။

လက်တွေ့ဘဝသို့ ပြန်ရောက်လာရန်အတွက် အချိန်အတော်လေး ယူလိုက်ရသည်။

သူ၏အိပ်ယာနံဘေးမှ လူမရှိတော့သော နေရာလွတ်လေးနှင့် သေးနုပ်မဲမှောင်နေသော အခန်းငယ်လေးကို ကြည့်နေမိသည်။

တစ်ချိန်ကသူ့ဘဝမှာ သစ္စာအရှိဆုံးအစောင့်အရှောက် ဖြစ်ပေးပါ့မယ်လို့ ပြောခဲ့တဲ့သူက အခုတော့ သူမဟုတ်တဲ့ အခြားတစ်ယောက်ကို ရင်ခွင်ထဲမှာ  ထွေးပွေ့ပေးထားတဲ့သူဖြစ်နေပြီ။

တစ်ချိန်က သူကမ္ဘာကြီးရဲ့ ဘယ်နေရာကိုသွားသွား တပ်ကြပ်မကွာလိုက်လာပါ့မယ်လို့ ကတိပြုခဲ့တဲ့သူ၊ အခုတော့ သူဘယ်နေရာကိုပဲရောက်ရောက် အနောက်ကိုလှည့်ကြည့်လိုက်ရင် သူကထပ်ပြီးရှိမနေတော့ပေ။

အချစ်တွေက ခိုင်မာတော့မယ်လို့  ယုံကြည်မိတော့မယ့် အချိန်မှာပဲ မျက်စိရှေ့ကနေ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့သည်။

ရန်ကျားလိသည်လည်း တဖြေးဖြေးနှင့် နားလည်လာခဲ့သည်။ ယဲ့ထင်ဟာ သူနှင့် ခဏတာမျှသာ ချစ်ဇာတ်လမ်းခင်းခဲ့ပြီး ငြီးငွေ့သွားသောအခါ တခြားတစ်ယောက်ကို သွားချစ်လေတော့သည်။

သူတို့နှစ်​ယောက် အတူဖြတ်သန်းခဲ့ကြသည့် ငယ်ရွယ်စဥ်ကာလမှ အချိန်များသည်လည်း ပြင်းထန်သော လေမုန်တိုင်းနှင့်ပင်တူသည်။ မုန်တိုင်းလွန်လျှင် ဘာမှကျန်ရစ်ခဲ့စရာမရှိ။

အခုငါတို့အားလုံး ကြီးပြင်းလာခဲ့ကြပြီ။ ဘယ်သူကမှလည်း ဘယ်သူ့ကိုစောင့်မနေခဲ့တော့ချေ။

စူးထွက်လာသော နှိုးစက်အသံက ရန်ကျားလိကို အတွေးကမ္ဘာထဲမှ ဆွဲထုတ်သွားသည်။

ရန်ကျားလိသည် နဖူးပြင်မှ ချွေးအေးများကိုသုတ်ကာ သူ့ကိုယ်သူလှောင်ရယ်နေမိသည်။ ထို့နောက် နှိုးစက်နာရီကိုပိတ်ကာ ရေချိုးဖို့ရန်အတွက် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now