လိင်စိတ်တိမ်းညွတ်နေသူများအတွက်တော့ သူ့ပုံစံကိုမြင်လိုက်ရုံဖြင့် ညနက်အထိပင် အိပ်မပျော်တော့ဘဲ အိပ်ရာထဲမှာ လူးလိမ့်နေရင်း လင်းကြက်တွန်သံ ကြားရသည်အထိ တစုံတရာကို ဆာလောင်မွတ်သိပ်နေသလို ခံစားရစေမည့် အရသာထူးကဲလှသည့် စားတော်ပွဲကြီး တစ်ခုအတိုင်းပင်။

ရန်ကျားလိက ရွှတ်နောက်နောက်နှင့် ပြောလိုက်သည်။ "နေ့လည်တုန်းကတော့ စင်ပေါ်မှာ လေးနက်တည်ကြည်တဲ့ ပုံစံဖမ်းနေပြီး ညကျတော့ ခိုးကြောင်ခိုးဝှက်နဲ့ ငါ့ကိုဟိုတယ်ထိ ဆွဲခေါ်လာပြီး ကုတင်ပေါ်တက်လာတော့မယ်ပေါ့လေ။ တော်လိုက်တဲ့ ထင်ကော!" 

ယဲ့ထင်ကဘာမှပြန်မဖြေဘဲ အပြောနှင့်အလုပ်ညီစွာ တွန့်ဆုတ်ခြင်းမရှိဘဲ ကုတင်ပေါ်သို့တက်လာသည်။

အချစ်မီးပင်လယ်ထဲ နစ်မြောနေကြသော လူငယ်လေးနှစ်​ယောက်ကတော့ မမောပန်းနိုင်ကြဘဲ မနက်မိုးသောက်လေးနာရီခွဲအထိပင် တစ်ယောက်ပေါ်တစ်ယောက် တွယ်ယှက်နီးစပ်ခဲ့ကြသည်။
  
ယဲ့ထင်သည် ရန်ကျားလိကို ပွေ့ချီရင်း ရေချိုးခန်းသို့ခေါ်သွားကာ ရေချိုးပေးလိုက်သည်။

ရန်ကျားလိသည် ပင်ပန်းလွန်းလှသဖြင့် သူ့ခြေသလုံးကြွက်သားများ လှုပ်မရသည်အထိ တုန်ရီနေသော်လည်း သူ့ရဲ့ပင်ကိုဗီဇအရ စနောက်ဖို့ကိုလဲ ထိန်းမထားနိုင်ပေ။

သူသည် ရေချိုးဇလုံလေးတွင် ပက်လက်လဲလျောင်းနေကာ ရေမြှုပ်ဖြင့် သူ၏ကိုယ်ခန္ဓာအနှံ့ကို ခပ်ကြမ်းကြမ်းပွတ်တိုက်နေရင်း ကျီဆယ်သလိုလေးဆိုသည်။ "ငါကအခုတော့ ဖြူစင်ပြီးအပြစ်မဲ့တဲ့ အသက်နှစ်ဆယ်အရွယ် ကောင်လေးမဟုတ်တော့ပါဘူးလေ။ လောင်ကျစ် အနှစ်နှစ်ဆယ်လောက် ထိန်းသိမ်းထားခဲ့တဲ့ လူပျိုစင်ဘဝလေးကို ဒီနေ့ပဲချိုးဖောက်ခံလိုက်ရပြီကွာ။ ယဲ့ထင် ငါကမသန့်ရှင်းတော့ပါဘူး"

ယဲ့ထင်သည် တစ်ခန်းလွတ်နေသည်ဟု ထင်ရသော ရန်ကျားလိ၏ခေါင်းကိုဆွဲကိုင်လိုက်ပြီး ပါးစပ်လေးကိုပိတ်ပစ်ဖို့ရန် ခပ်ကြမ်းကြမ်းနမ်းပစ်သည်။

ထိုအချိန်တုန်းက ကောင်းကင်ကြီးသည် မည်းမှောင်လျက်သား ရှိနေသေးသည်။ ရန်ကျားလိသည် ရေချိုးကန်ဘေးရှိ စကျင်ကျောက်ပြားပေါ်တွင် လဲလျောင်းကာ အခန်းအပြင်ဘက်ရှိတောက်ပသော မီးလုံးများကို ငေးကြည့်နေသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now