အတိတ်ဘဝ(ယွင်စု)

6.8K 534 23
                                    

Zawgyi

ဒီဟာလေးကလေ ch-25ရဲ့အစပိုင်းမှာပါတဲ့
ယွင်စုမင်္ဂလာဝတ်စုံဝတ်ထားပြီး ရှဟုန်ချွမ်းနဲ့
နမ်းတဲ့အပိုင်းရဲ့အဆက်ပါ။ userတစ်ယောက်က
Manhuaမှာသေချာမပြောသွားတဲ့ဒီအပိုင်းကို
စာနဲ့အပိုင်းတိုoriginal siteမှာတင်ထားပေးတာတွေ့လို့
ဆိုပြီးလာမန့်ထားပေးလို့ ကိုယ်ကတစ်ဆင့်ထပ်ပြီး
ဘာသာပြန်ပေးတာပါ။ အောက်ဆုံးနားလေးမှာ ဇာတ်ကောင်အသစ်နဲ့ပတ်သက်ပြီး ပါတာမို့လို့ spoiler မကြိုက်တဲ့သူ
အဲ့နားလေးကိုကျော်ဖတ်လိုက်ကြပါနော်။

_______________________

နီစွေးစွေး မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားတဲ့ ယွင်စုဟာ‌‌ ချောင်အင်ပါယာသို့ ဦးတည်နေတဲ့ မင်္ဂလာဝေါယာဉ်ပေါ်မှာ ထိုင်နေစဉ် ရှဟုန်ချွမ်းမှာ ယွင်အင်ပါယာကြီး၏ တောင်ဘက်နယ်စပ်တွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာနေတုန်းပင်။

မင်္ဂလာဝေါယာဉ်ပေါ်မှ အရာတိုင်းဟာ ချောင်အင်ပါယာ၏ အဆင့်အတန်းအမြင့်ဆုံး ပစ္စည်းများနှင့် တန်ဆာဆင်ယင်ထားခြင်းပင်။ အနီရောင်မှာ ကျက်သရေအရှိဆုံးနှင့် စွဲမက်စရာအကောင်းဆုံး အရောင်ဖြစ်သော်ငြား လေဝဲတွင် ဝဲပျံနေသော အနီရောင်ပိတ်ကြဲစမှာတော့ လေပြင်းတိုက်ခတ်မှုကြောင့် အသုဘမှ အမွှေးတိုင် အငွေ့ဖြူများ လွင့်မြောနေသကဲ့သို့ပင်။

ဝေါယာဉ်မှာ ယွင်အင်ပါယာကြီး၏ မြို့တော်လမ်းမကြီးအား တဖြေးဖြေး ကျော်ဖြတ်သွားရင်း လူအများမှာလဲ အခြားတိုင်းပြည်မှလူက သူတို့၏ အရှင့်သားအား မြင့်မားသော မြို့တော်ဂိတ်ကြီးများကို ကျော်ဖြတ်၍ အမိမြေ မပျက်သုဉ်းစေရန် အလို့ငှာ ရန်သူတော်၏တိုင်းပြည်သို့ ဝေါယာဉ်ဖြင့် ခေါ်ဆောင်သွားပုံအား တိတ်ဆိတ်စွာ ရပ်ကြည့်နေခဲ့ရသည်။ သူတို့၏ အရှင့်သားမှာ ဘယ်တော့မှ အမိတိုင်းပြည်သို့ ပြန်မလာနိုင်တော့ချေ။

ယွင်စုမှာ မျက်လွှာချရင်း သူ၏လက်ဖဝါး အတွင်းရှိ တံဆိပ်တုံးအား တင်း"ကျပ်" ဆုပ်ကိုင်ထားခဲ့သည်။ ချောင်အင်ပါယာမှ လက်ထပ်ခွင့် သဝဏ်လွှာ ရောက်ရှိလာချိန်မှာ တစ်ခြားသူတွေထက်ပိုပြီးတော့ ရှဟုန်ချွမ်းတစ်ယောက် ဒေါသထွက်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါ။

𝚁𝚞𝙼𝚞 𝚉𝚑𝚒 𝙲𝚑𝚎𝚗 Where stories live. Discover now